AD
AD
AD

ချစ်သူသက်တမ်း(၈)နှစ်ကျော်ရှိခဲ့ စိုးရန်အောင်နဲ့ သက်သခင်တို့ နှစ်ဦးကတော့ ဒီနေ့(နိုဝင်ဘာ၉ရက်)မှာ စေ့စပ်ကြောင်းလမ်းပွဲ လေး ပြုလုပ်ခဲ့ပါတယ်။ နှစ်ယောက်စလုံးဟာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်များလည်း ဖြစ်ပါတယ်။ ချစ်သူသက်တမ်း (၈)ကျော်အတွင်းမှာ မတူညီတဲ့ အချက်လေးတွေ ရှိိခဲ့ပေမယ့် နှစ်ယောက်စလုံးကတော့ အဆင်ပြေအောင် လျှောက်လှမ်းခဲ့ရာက ဒီနေ့မှာ စေ့စပ်ပွဲလေး ပြုလုပ်တဲ့အထိ ဖြစ်ခဲ့ပါပြီ။သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၁၈ခုနှစ်ထဲမှာ ကျင်းပနိုင်အောင် ကြိုးစားသွား မယ့် အကြောင်းကိုလည်း စိုးရန်အောင်က Duwun Media ကို ယခုလို ပြောပြခဲ့ပါတယ်။

play

 

'' အနုပညာဆိုတာကို ကျွန်တော်ကတော့ ကိုယ်ရွေးချယ်ပြီးလျှောက်လှမ်းခဲ့တဲ့ အလုပ်တစ်ခုပါ။ စီးပွားရေးကတော့ စီးပွားရေးအပိုင်း လေး တစ်ခုပေါ့နော်။အနုပညာလမ်းကြောင်းပေါ်မှာ ကျွန်တော့်အနုပညာကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေရှိသလောက် ကျွန်တော် ကြိုးစားခွင့်ရသလောက် ဆက်ပြီးလျှောက်ပါ့မယ်။ ကျွန်တော်အပွင့်လင်းဆုံးနဲ့ အရိုးသားဆုံးဝန်ခံချင်ပါတယ်။ သူ့မှာ ကျွန်တော် မကြိုက်တဲ့ အကျင့်လေးတွေ ရှိနေသေးသလို၊ ကျွန်တော့်မှာလည်း သူမကြိုက်တဲ့အကျင့်လေးတွေရှိနေသေးပါတယ်။ ဒီလိုမျိုးပဲ မတူညီ မှုတွေကို အဆင်ပြေအောင် လျှောက်လှမ်းလာခဲ့တာပါ။ အဲ့ဒီမတူညီမှုတွေကို ကြိုးစားပြီးသွားရမယ့်အပိုင်းတွေ အများကြီးရှိပါ တယ်။ တချို့အကြောင်းအရာတွေမှာ ကလေးဆန်လို့မရတဲ့ အပိုင်းတွေအများကြီးဖြစ်လာမှာပါ။ မကြိုက်တဲ့အကျင့်တွေကတော့ တအား ရစ်တာ'' ပါလို့ စိုးရန်အောင်ကပြောပါတယ်။

play

 

အရမ်းရစ်တယ်လို့ ခင်ပွန်းလောင်းစိုးရန်အောင်ရဲ့ ပြောစကားကြောင့် သက်သခင်ကလည်း မိန်းကလေးပီပီချစ်လို့ရစ်တာပေါ့ဆိုတဲ့ အကြောင်းကို လည်း ပြောပြခဲ့ပါသေးတယ်။

'' မိန်းကလေးတိုင်း၊ ချစ်သူစုံတွဲတိုင်း အလိုလိုကတော့ရစ်တာပဲလေ။ ဘာလို့ရစ်တာလည်းဆိုတော့ ယောက်ျားလေးတွေဘက်က နားမှမလည်ပေးနိုင်တာပဲလေ ချစ်လို့ရစ်တာပေါ့ နော်။ သက်သခင်တို့နှစ်ယောက်က ချစ်လာတာလည်းကြာပြီ။ အမြဲတမ်းတော့ တစ်ယောက်နဲ့တစ်ယောက် မတူညီမှုလေးတွေတော့ရှိတယ်။ အမြဲတမ်းသူနဲ့ ညှိယူတယ်၊  သက်သခင်က အိမ်မှာလည်း အငယ်ဆုံး တစ်ဦးတည်းသော သမီးလည်းဖြစ်တော့ အရမ်းလည်းသူ့ကိုဆိုးတယ်၊ အနိုင်ကျင့်တယ်။ သူ့ကိုလည်း ဒီ့ထက် ပိုပြီးတော့အလိုလိုက် စေချင်တယ်။ နားလည်ပေးစေချင်တယ်'' လို့ ဆိုပါတယ်။

play

 

သက်သခင်အနေနဲ့ အနုပညာအလုပ်လုပ်တာကို သိပ်မကြိုက်ဘူးဆိုတဲ့ ခင်ပွန်းလောင်းစိုးရန်အောင်ရဲ့ ဆန္ဒကြောင့် စီးပွားရေးဘက် ကိုပဲ ဦးတည်ပြီးဆက်လုပ်သွားမယ်လို့ သက်သခင်က ပြောပါတယ်။

 

'' သက်သခင်ကတော့ အဓိက ကပေါ့နော် သူကလည်း အနုပညာအလုပ်တွေလုပ်တာ သိပ်မကြိုက်ဘူး။ အဲ့ဒီတော့ သက်သခင်ဘက်က လည်း အနုပညာအလုပ်တွေကို အရင်တုန်းကလောက် အရမ်းမလုပ်ဖြစ်တော့ဘူး။ စီးပွားရေးဘက်ကိုပဲ ဦးတည်ပြီးလုပ်မှာပါ။ My's Pizza Group ကနေပြီးတော့လည်း နောက်ထပ်ခြေလှမ်းတွေ ထပ်လှမ်းဖို့ စီစဉ်ထားတာလေးတွေလည်းရှိပါတယ်'' လို့ ဆိုပါတယ်။

play

 

၂၀၁၈ ခုနှစ်မှာ မင်္ဂလာပွဲဆင်နွှဲနိုင်အောင်ကြိုးစားသွားမယ်ဆိုတဲ့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ စိုးရန်အောင်ကိုတော့ နိုင်ငံတော် အကျိုးပြုဇာတ်လမ်းတွေ၊ ပညာပေးဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင် အားပေးခဲ့ကြတာဖြစ်ပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ကျွန်တော့်ရည်းစားဘုရားမှာနေသည် ရုပ်ရှင်ဇာတ်ကားကြီး ကလည်း ပရိသတ်တွေအားပေးခဲ့ကြသလို ၂၀၁၆ ခုနှစ်အကယ်ဒမီစာရင်းဝင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ သရုပ်ဆောင် သက်သခင်ကိုတော့ မော်ဒယ်လ် တစ်ယောက်အဖြစ် ပရိသတ်တွေစတင်အားပေးခဲ့ကြတာဖြစ်ပြီး တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေရဲ့ အားပေးခြင်းကို ရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

photo: Duwun

SeeMore

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD