AD
AD
AD

Miss Universe  Myanmar ရဲ့ Organazation ရဲ့ ဒါရိုက်တာ ဖြစ်သူ ဒေါ်စိုးယုဝေကတော့ Miss Universe တစ်ယောက်က ကောင်းခြင်း ငါးဖြာတွေနဲ့ အားသားချက်တွေရှိတယ်ဆိုတဲ့ အလှမယ်ဇွန်သံစဉ် အတွက် ဆုတောင်းစကားတွေကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' သွားပြိုင်မယ့်အလှမယ်က သူ့ဆီမှာ အားသာချက်တွေရှိပါတယ်။ အားသာချက်ဆိုတာ အရပ်အမောင်းပေါ့နော်၊ ပြီးတော့ အသားအရေကောင်းတယ်။ ဆံပင်တွေလည်းကောင်းတယ် အခြေခံအားဖြင့်  Miss Universe က မြန်မာလိုပြောမယ်ဆိုရင်တော့ ကောင်းခြင်းငါးဖြာကို ကြည့်ပြီးတော့မှ ကျန်တဲ့အရည်အချင်းတွေကိုပေါင်းတာဆိုတော့ ဒီအားသာချက်တွေသူ့မှာရှိတဲ့အတွက် တကယ်ကို ထုတ်ပြနိုင်ပါစေ၊ ထုတ်သုံးနိုင်ပါစေ'' ဆိုပြီးတော့ ဆုတောင်းစကားဆိုခဲ့ပါတယ်။

play

 

Organazation အနေနဲ့ အလှမယ်ရဲ့ မြန်မာ့ဆိုင်းဝိုင်း National Costume ဝတ်စုံအတွက်လည်း ကုန်ကျစားရိတ်ကို ကျခံခဲ့ရတာ မဟုတ်တဲ့အတွက် ဒီဇိုင်နာရဲ့ စေတနာတွေကြောင့် နောက်ထပ် ရလဒ်ကောင်းတွေကို ရစေချင်တယ်ဆိုတာကိုလည်း အခုလို ဖွင့်ဟပြောပြခဲ့ပါသေးတယ်။

 

'' National Costume အတွက် အစ်မတို့ Organazation က ကျခံရတာမဟုတ်တဲ့အတွက် သူ့ကိုဖန်တီးပေးတဲ့ ဒီဇိုင်နာရဲ့ စေတနာ ပေါ့နော်။ သေချာလေးကောင်းစေချင်အောင်လုပ်ရင်းနဲ့ ကုန်ကျစားရိတ်က အဲ့ဒီလောက်ဖြစ်သွားတာပါ။ ဒီဇိုင်နာရဲ့ စေတနာကိုလည်း အသိအမှတ်ပြုပါတယ် ကြိုးစားပမ်းစားလုပ်ထားတာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ နှစ်ကလည်း ရလဒ်ကာင်း ထားတာဖြစ်တဲ့အတွက် ပရိသတ်တွေကလည်း စောင့်ကြည့်နေမှာဖြစ်တဲ့အတွက် ရလဒ်ကောင်းကိုထပ်ပြီးတော့ ပိုင်ဆိုင်ချင်တာပေါ့နော်။ ဒီဇိုင်နာအတွက် ရော ပရိသတ်တွေအတွက်ရော ရစေချင်တာပါ'' လို့ ဒေါ်စိုးယုဝေက ပြောပါတယ်။

play

 

Miss Universe  Myanmar Organazation အနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်များစွာတို့ကို မွေးထုတ်ပေးနိုင်ခဲ့တာဖြစ်ပြီး အခုလက်ရှိမှာလည်းအလှမယ် ဇွန်သံစဉ်ကို Miss Universe Myanmar ကိုယ်စားပြုအနေဖြင့်မွေးထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ Miss Grand International 2017 ပြိုင်ပွဲ အတွက် နိုင်ငံကိုယ်စားပြုအလှမယ်အပြောင်းအလဲဖြစ်ခဲ့တဲ့ အပေါ် ရွှေအိမ်စည်ဘက်မှ တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။

Photo: Duwun, စိုးယုဝေဖေ့စ်ဘွတ်

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD