AD
AD
AD

ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ သရုပ်ဆောင်တက္ကသိုလ်ဂွမ်းပုံကတော့ ကိုယ်တိုင်ကလည်း ရုပ်ရှင်ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေရသလို ရုပ်ရှင်ဇာတ်ကားအရည်အသွေးတိုးတက်လာတာနဲ့ အမျှ ပရိသတ်တွေအတွက် အကျိုးဖြစ်လာနိုင်မယ့် ရသလေးတွေကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ရုပ်ရှင်ဆိုတာကတော့ Entertainment အပြင်ကိုမှ ဗဟုသုတပေးစေနိုင်တဲ့ ဇာတ်ကားမျိုးတွေလည်းရှိပါတယ်။ အမြဲတမ်း ဟာသ အနုပညာ၊ ဒရာမာအနုပညာ မျိုးစုံ မဂွမ်းတို့ အနုပညာရှင်တွေရော၊ ဒါရိုက်တာတွေရော၊ ဇာတ်ညွှန်းတွေရောက ကြိုးစား ထားကြ တာပေါ့။ ဒါကို ပရိသတ်တွေက ကြိုက်တယ် မကြိုက်ဘူးဆိုတာကတော့ ပရိသတ်တွေရဲ့ အားပေးမှုပေါ့။ တချို့ကျတော့လည်း ဒရာမာ ကြိုက်တယ်၊ တချို့ကျတော့လည်း ဟာသကြိုက်တယ်၊ တချို့ကျတော့လည်း ဖိုက်တင်ကြိုက်တယ်။ တစ်ယောက်တစ်မျိုးစီ အားပေးကြ တာဆိုတော့ သူတို့အကြိုက်ပေါ်မှာပဲ မူတည်ပြီးတော့ ဗဟုသုတ ရှာရမှာပေါ့'' လို့ သူက ဆိုပါတယ်။

play

 

ရုပ်ရှင်သည် ပြည်သူ့အတွက်လို့ ဆိုလိုက်တဲ့ ဂွမ်းပုံလေးက ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးတွေများလာတာနဲ့ အမျှ ရုပ်ရှင် အရည်အသွေး တိုးတက်ကောင်းမွန်အောင် အမြဲတမ်းကြိုးစားနေမှာပါလို့ ပြောပါတယ်။

 

'' ရုပ်ရှင်သည် ပြည်သူ့အတွက်လို့ ဆိုတဲ့အတိုင်း ပြည်သူတွေကြည့်တဲ့ ၂ နာရီ၊ ၃ နာရီ အတောအတွင်းမှာ ဗဟုသုတလည်းရအောင် ဖျော်ဖြေမှုလည်းဖြစ်အောင် စိတ်အစာကျွေးတယ်ပေါ့နော်။ အဲ့ဒီအတွက်ကို ကျရာ ကဏ္ဍမှာ သရုပ်ဆောင်ပြီးတော့ ဒါကိုတော့ အမြဲတမ်းကြိုးစားနေမှာပါ'' လို့ တက္ကသိုလ်ဂွမ်းပုံက ပြောပါတယ်။

play

 

တက္ကသိုလ်ဂွမ်းပုံကတော့ အခုလက်ရှိမှာ ဒါရိုက်တာရာဇဝင်ကိုရိုက်ကူးတဲ့ စိတ်ကြီးဝင်တဲ့ မိန်းမ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကြီးကို နိုဝင်ဘာလ ၁၂ ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ဒါရိုက်တာပြည်ဟိန်းသီဟ နဲ့ရော၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) နဲ့ ပါ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးသွားဖို့ရှိတယ်လို့ သိရပါတယ်။

Photo: Duwun , ဂွမ်းပုံလေးဖေ့စ်ဘွတ်

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD