AD
AD
AD

နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Back To Millenium ဖျော်ဖြေပွဲအတွက် အဆိုတော် သားစိုးက သူ့ရဲ့ Facebook Page ကနေ လက်မှတ်များကို ပရိသတ်တွေအတွက် မဲဖောက်ပေးနေတယ်လို့ နိုဝင်ဘာလ ၁၂ ရက်နေ့က ကြေငြာခဲ့တာဖြစ်ပါတယ်။

play

 

'' လက်​မှတ်​ အ​စောင်​ ၂၀ မဲ​ဖောက်​မယ်​...ချစ်​ပရိသတ်​ကြီးအတွက်​..၁၈၊၁၁၊၂၀၁၇ သုဝဏ္ဏဘူမိ event park မှာကျင်းပမယ့်​ B2M show ပွဲ လက်​မှတ်​ အ​စောင်​ ၂၀ မဲ​ဖောက်​​ပေးမယ်​..အုပ်​စုလိုက်​သွားချင်​ရင်​ သူငယ်​ချင်း​တွေကို mention ခေါ်​ပေးခဲ့​နော်​...စည်းကမ်း ချက်​ ၁၊ သားစိုး page ကို like လုပ်​၍ ယခု့ post ကို share လုပ်​​ပေးရမည်​။(Page ကို like လုပ်​ပြီးသူများ share ​ပေးရန်​သာ လိုပါ သည်​။) ၂၊ like and share ထားပုံကို ss လုပ်​၍Cb သို့ပို့ရမည်​။ ၃၊ ၁၅၊၁၁၊၂၀၁၇ ည ၁၂ နာရီ ​နောက်​ဆုံးထား၍ ss များကို cb သို့ပို့​ပေးရမည်​။ ​၄၊ ၁၇၊၁၁၊၂၀၁၇ ​နေ့လည်​ ၁၂ နာရီတွင်​ လက်​မှတ်​ မဲ​ပေါက်​သူများကို ​ကြော်​ငြာမည်​။ ၅။ လက်​မှတ်​များကို သတ်​မှတ် ​ထား​သော ​နေရာတွင်​လာ​ရောက်​ထုတ်​ယူရပါမည်​။ ၆။ သားစိုး page မှ တာဝန်​ရှိသူများ၏ အတည်​ပြုချက်​သာ တရားဝင် ဖြစ်​​သည်​။'' ဆိုပြီးတော့ ရေးတင်ခဲ့တာပါ။

play
သားစိုးရဲ့ Facebook page

 

ပထမအကြိမ်ကျင်းပပြုလုပ်တဲ့ Back To Millenium ဖျော်ဖြေပွဲကိုတော့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ က ရန်ကုန်မြို့မှာရှိတဲ့ People's Park မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒုတိယအကြိမ်အနေနဲ့ ဧပြီလ ၁ ရက်နေ့ကလည်း မန္တလေးမြို့မှာရှိတဲ့ Golden City Event Park ( ခင်စောမူကွေ့ )မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တတိယအကြိမ်မြောက်ကျင်းပပြုလုပ်မယ့် Back To Millenium ဖျော်ဖြေပွဲကြီးကိုတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ သုဝဏ္ဏဘူမိ Even Park မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးမယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲမှာ ၂၀၀၀ ခုနှစ်မှာအောင်မြင်ခဲ့တဲ့ အဆိုတော်များစွာပါဝင်ထားတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှု ကို  ယနေ့အထိ ရရှိပိုင်ဆိုင်ထားကြတဲ့ မျိုးကျော့မြိုင်၊ System၊ Acid၊ Banbino၊ Examplez ၊ Theory ၊ မြေပဲယို၊ Kook ၊ No၊ 102.7FM ၊ အောင်ကောင်းထက်၊ Double U ၊ Too Big ၊ Teen ၊ DJ Shwe Pu ၊ Alex ၊ R ဇာနည် နဲ့ ငယ်ငယ်တို့က ပါဝင်သီဆိုဖျော်ဖြေ သွားမယ် လို့ သိရပါတယ်။

play

 

Back To Millenium ဖျော်ဖြေပွဲလက်မှတ်တွေကို VVIP ၅ သောင်းကျပ်၊ VIP သုံးသောင်းကျပ်၊ Standing ၉ ထောင်ကျပ် ဆိုပြီးတော့ သတ်မှတ်ထားတာဖြစ်ပါတယ်။ လက်မှတ်တွေကို မန်းသီရိတေးသံသွင်း၊ SNW Music ၊ Genius Clothing  စတဲ့ နေရာတွေမှာလည်း ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။

Photo: သားစိုးဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD