AD
AD
AD

7 Sense Film Production က ထုတ်လုပ်တဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီးအထူးပြပွဲကို နိုဝင်ဘာလ ၁၃ ရက်နေ့ည ၇ နာရီက Junction City က ( JCGV) ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ပါဝင်ထားကြတဲ့အနုပညာ ရှင်တွေကလည်း Duwun Media ကနေ အခုလိုပြောပြခဲ့ပါတယ်။

play

 

သားညီ(ဒါရိုက်တာ)

____________________

နည်းနည်းလေးတော့ စိတ်လှုပ်ရှားတယ်၊ ဒါပေမယ့် ကိုယ်တတ်နိုင်သလောက်လုပ်ခဲ့တာပဲလေ ဒါပေမယ့်ဟာသကားမဟုတ်တဲ့ အတွက် နည်းနည်းတော့ရင်ခုန်တယ်။ ကောင်မလေးတစ်ယောက် ကောင်လေးနှစ်ယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပါ။

play

 

နေတိုး(အကယ်ဒမီ)

_____________________

ကာရိုက်တာကတော့ နှစ်မျိုးရှိတယ် မခံချင်စိတ်နဲ့ ဘဝကိုကြိုးစား အောင်မြင်လာတဲ့အချိန်မှာ အရမ်းကို ချို့တဲ့ တဲ့ဘဝမှာနေခဲ့တဲ့ အချိန်တုန်းက ဖြစ်ခဲ့တဲ့ အငြိုးအတေးတွေကြောင့် ရီဗန့်(ဒ်)လုပ်တဲ့ ပုံစံမျိုးပေါ့။ အချစ်ကိုတွေ့လာတဲ့ အချိန်မှာ သူ့ရဲ့စိတ်တွေ နူးညံ့လာတယ်ဆိုတဲ့ ပုံစံမျိုးပေါ့။

play

 

ရွှေထူး

____________________

ကျွန်တော်အများကြီး ကြိုးစားထားတယ်ဆိုပေမယ့် အများကြီးမမျှော်မှန်းရဲပါဘူး။ ပရိသတ်တွေအနေနဲ့ကတော့ လေ့လာပေးပါ၊ ဝေဖန်ပေးပါ ကျွန်တော်ဘာလိုလဲ ဆိုတာကို ထောက်ပြပေးပါ။ ပရိသတ်တွေကြည့်ပြီးရင်တော့ ပြောပြပေးပါ ကျွန်တော်ကတော့ မြင်နိုင်မှာ မဟုတ်ပါဘူး။

play

 

မိုးစက်ဝိုင်

_______________

 မိုးစက် ဒုတိယမြောက်ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကား ဒါပေမယ့် ပထမဦးဆုံး ပိတ်ကားပေါ်မှာ ပြမယ့်ကားဖြစ်သွားတာပေါ့။ မိုးစက်ရဲ့ ပွဲဦးထွက်ကားလို့လည်းပြောလို့ရတယ်။ အရမ်းလည်း ရင်ခုန်တယ် မိုးစက်ရဲ့ ဒီကာရိုက်တာက Challenge အရမ်းဖြစ်တယ်။

play

 

ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီးကို 7 Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သားညီက ပုံဖော် ရိုက်ကူး ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် နေတိုး၊ ရွှေထူး၊ မိုးစက်ဝိုင် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၁၇ ရက်နေ့က စပြီး JCGV & Mega ACE ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Photo: ပက်ပက်စက်စက်ညှို့ Page

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD