AD
AD
AD

အနုပညာအတွေ့အကြုံတွေအများကြီးရရှိထားတဲ့ သရုပ်ဆောင်ခင်လှိုင့်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင် ရတဲ့ ကာရိုက်တာတိုင်းအပေါ် အကောင်းဆုံးကြိုးစားသရုပ်ဆောင်တတ်ပေမယ့် ရေတောင်ကောင်းကောင်းမကူးတတ်တဲ့ သူ့အနေနဲ့ ရိုက်စားရုပ်ရှင်ဇာတ်ကားမှာ ရေငုတ်ခွင့်ရခဲ့တဲ့ အတွေ့အကြုံတွေ၊ လေပေါ်မှာလေထီးစီးရင်း စိတ်လှုပ်ရှားခဲ့ရတဲ့ အတွေ့ အကြုံသစ် တွေရခဲ့တာက ဒါရိုက်တာခိုင်းတာလုပ်ခဲ့တာပါလို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

''ကျွန်တော်ရေတောင် ကောင်းကောင်းမကူးတတ်ပါဘူး ခွေးကူးပဲကူးတတ်တာပါ။ အဲ့ဒါကို ကျွန်တော့်ကို ရေငုတ်တဲ့အခန်း ရိုက်ဖို့ အတွက် ကိုမိုက် ကိုယ်တိုင်ပဲ ရိုက်စား ဆိုတဲ့ကားထဲမှာ ပေ ၂၀၊ ၂၅ လောက်ရှိတဲ့ ရေအောက်ထဲကို ငုတ်ရမယ်ဆိုတော့ ကျွန်တော် အရမ်းကြောက်ပါတယ်။  ဒါပေမယ့် ဒါရိုက်တာက ကျွန်တော့်ကိုခိုင်းလာတဲ့အချိန်မှာ မင်းဘာမှ မဖြစ်ပါဘူး အန္တရာယ်မရှိပါဘူးတဲ့။ ပတ္တရားမှာ ရေငုတ်ဆိုတော့ ၅ ပေလောက်ဆင်းမှာတဲ့အဲ့ဒီချိန်မှာ အောက်ဆီဂျင်ပေးထားတဲ့ ခေါင်းစွပ်ကြီး စွပ်ပြီးတော့ သဘောင်္ဘေး ကနေ ဆင်းရတယ် ခြေထောက်လွှတ်သွားတဲ့အချိန်မှာ အရမ်းကြောက်ပြီးတော့ ပြေးတက်တယ်။ နောက်ကျတော့ ဘာမှမဖြစ်ဘူး ဆို တဲ့အချိန်မှာ ကျွန်တော့်ကို ဘေးက ကျွမ်းကျင်တဲ့ရေငုတ်သမားတွေက ဆွဲခေါ်ပေးသွားတယ်'' လို့ဆိုပါတယ်။

play

 

ဒီလိုဖြစ်ရပ်တွေအပေါ် ဒါရိုက်တာက အရမ်းခိုင်းတာပဲလို့စိတ်ထဲ မှတ်ယူခဲ့ပေမယ့် ခံစားမိလိုက်တဲ့အတွေ့အကြုံသစ်တွေကြောင့် ဒါရိုက်တာမိုက်တီးကို ကျေးဇူးတင်တဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။

 

''ရေအောက်ကြမ်းပြင်နဲ့ ခြေဖဝါးနဲ့ထိလိုက်တဲ့အချိန်မှာ ကျွန်တော်အရမ်းပျော်သွားတယ်။ အဲ့ဒီအချိန်မှာ ကိုမိုက်ကိုကျေးဇူးအရမ်းတင် သွားတယ်။ ပထမကတော့ ကျွန်တော့်စိတ်ထဲမှာ ငါ့ကို တအားခိုင်းတယ်လို့ မြင်မိပါတယ်။ ဒါပေမယ့် ကျွန်တော်မငြင်းဘူး လုပ်ခဲ့ပါ တယ်။ ဒါဟာ ဒါရိုက်တာလိုအပ်လို့လုပ်ခိုင်းတာ အလကားလုပ်ခိုင်းတာမဟုတ်ဘူးဆိုတာက သိပါတယ်။ နောက်ထပ်လေထီးလည်း မစီးဖူးဘူးလေ အဲဒါကို ကိုမိုက်က ခိုင်းတယ် ကျွန်တော်အရမ်းကြောက်ပါတယ်။ လေပေါ်ရောက်သွားတဲ့အချိန်မှာလည်း ခုနကလို ရေအောက်ထဲကို ရောက်သွားတဲ့ ခံစားမှုမျိုးပါပဲ ကျွန်တော် ကိုမိုက်ကို ကျေးဇူးတင်မိပါတယ်။ဒီလိုဘဝမျိုး ဒီလို Feeling မျိုး တစ်ခါမှ မရဖူးဘူး။ ကိုမိုက်ကို ကျေးဇူးတင် တယ် ဆိုတာကလည်း ဒါရိုက်တာခိုင်းလို့သာလျှင်ကျွန်တော်လုပ်ရတာ။ ဒါရိုက်တာခိုင်းတာကို ကျွန်တော်တသွေမတိမ်း လုပ်ခဲ့လို့သာလျှင် အတွေ့အကြုံသစ်တွေရခဲ့တာပါ'' လို့ ခင်လှိုင်က ပြောပါတယ်။

play

 

သရုပ်ဆောင်ခင်လှိုင်အနေနဲ့ ဒါရိုက်တာခိုင်းတဲ့ ကာရိုက်တာတိုင်းကို ငြင်းပိုင်ခွင့်မရှိပေမယ့် တအားကိုထိခိုက်နစ်နာစေမယ့် အရာမျိုးဆိုရင်တော့ Complain တက်တယ်လို့ ဆိုပါတယ်။ ယနေ့အချိန်ထိလည်း သူရိုက်လာတဲ့ ဇာတ်ကားတိုင်းမှာ ကာရိုက်တာ အပိုင်းကို မငြင်းပဲ လက်ခံခဲ့တာဖြစ်ပြီး ဒါရိုက်တာခိုင်းသမျှကို ကြိုးစားသရုပ်ဆောင်ခဲ့တာချည်းပဲလို့ သိရပါတယ်။

Photo: ခင်လှိုင်ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD