AD
AD
AD

ဒါရိုက်တာသားညီကတော့ သူကိုယ်တိုင်ပထမဦးဆုံးရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်၊ ပထမဆုံးရုံတင်ပြသတော့ မယ့် ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်တဲ့အတွက် သူ့ရဲ့ ပထမဆုံးရင်ခုန်သံနဲ့အတူ ရုံပြိုင်စနစ်အနေနဲ့ ဝင်တိုးရမယ့် ရုပ်ရှင်ဇာတ်ကား ဖြစ်တာကြောင့် သူ့ရဲ့ ဇာတ်ကားက ဟာသကားမဟုတ်တဲ့အတွက် စိုးရိမ်စိတ်ရှိတဲ့အကြောင်းကို Duwun Media ပရိသတ်တွေအတွက် ပြောပြခဲ့ပါတယ်။

play

 

''  နည်းနည်းလေးတော့ စိတ်လှုပ်ရှားတယ်။ ကိုယ်တတ်နိုင်သလောက်လုပ်ခဲ့တာပဲလေ ဟာသကားမဟုတ်တဲ့အတွက် နည်းနည်းတော့ ရင်ခုန်တယ်။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပါပဲ ကောင်မလေးတစ်ယောက်၊ ကောင်လေး နှစ်ယောက်အဲ့ဒါကို မတူညီတဲ့ နယ်ပယ် ၃ ခုက လူ ၃ ယောက်နဲ့ သုံးလိုက်တာပေါ့နော်။ အသစ်နှစ်ယောက်ပါနေတဲ့အတွက် နည်းနည်းလေးစိုးရိမ်စိတ်ရှိတယ်။ ရိုက်ပြီးသွား တော့ မစိုးရိမ်တော့ပါဘူး။ ဇာတ်ကားအနေနဲ့တော့ သရုပ်ဆောင်တွေအပေါ် ၉၀ ရာခိုင်နှုန်းကျေနပ်တယ် တစ်ကားလုံးအနေနဲ့ဆိုရင် တော့ ကျွန်တော့်ကိုယ်ကျွန်တော် မကျေနပ်တာပါ။ ရိုက်နေတဲ့အချိန်မှာတော့ တက်သလောက်အကုန်ပဲပေါ့နော်။ ကားပြန်ဆက်တဲ့ အခါကျတော့ ဒီနေရာလေးမှာ ဒီလိုရိုက်လို့ ရပါသေးလားဆိုပြီးတော့ သိလာတယ်။ ဒါက သင်ခန်းစာပေါ့'' လို့ ဆိုပါတယ်။

play

ပထမဆုံးရုံတင်တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ရုံပြိုင်စနစ်အနေနဲ့ တိုက်ပွဲဝင်ရမှာဖြစ်တဲ့အတွက် ဒါရိုက်တာတစ်ယောက်ရဲ့ စိတ်ခံစားချက် ကိုလည်း ပြောပြခဲ့ပါတယ်။

 

'' ကြောက်စရာလေး နည်းနည်းတော့ကောင်းပါတယ်။ စိတ်လှုပ်ရှားစရာလည်းကောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ တိုက်ပွဲက ကျွန်တော့်ကားနဲ့စတာပေါ့နော်။ အဲ့ဒီလိုမျိုးကြီး ထိပ်တိုက်တွေ့ရလိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့မိဘူး။ အစတုန်းကတော့ ရုံတင်ဖို့ စီစဉ်ထားတာက တစ်ကား၊ ဒီဇာတ်ကားကို အေးအေးဆေးဆေးမှ ရုံတင်မယ်ဆိုပြီးတော့ ထား ထားတာ ဒါပေမယ့် ဒီဇာတ်ကားနဲ့ ပဲ ရုံတင်မယ်ဆိုတော့ ကျွန်တော်တို့ လုပ်ရတဲ့အပိုင်းလေးတွေရှိတယ်။ တချို့အပိုင်းလေးတွေမှာ ကျွန်တော်စိတ်တိုင်းမကျလိုက်တာလေး တွေရှိတယ် အဲ့ဒါကြောင့် ဒီဇာတ်ကားကို နည်းနည်းလေး စိတ်ပူတာ'' လို့ သားညီက ပြောပါတယ်။

play

 

လက်ရှိမှာလည်း လူတွေက စိတ်ညစ်စရာတွေနဲ့ ကြုံတွေ့နေရတာကြောင့် ဖျော်ဖြေရေးဇာတ်ကားတွေကိုပဲ ဦးစားပေးကြည့်ရှုနေချိန် မှာ ရင်ဘတ်ထဲက ဓား ရုပ်ရှင်ဇာတ်ကားက ချေဖျက်သွားတာကြောင့် ဒါရိုက်တာဝိုင်းကိုရော၊ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ရုံပြိုင်စနစ် နဲ့ ပြသသွားမယ့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီး ကို နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စပြီး ရုံတင်ပြသသွားမှာဖြစ်တဲ့အတွက် အားပေးကြဖို့လည်း ဖိတ်ခေါ်စကားဆိုခဲ့ပါတယ်။

Photo: သားညီဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD