AD
AD
AD

သရုပ်ဆောင်ရဲတိုက်ကတော့ နိုဝင်ဘာလ ၁၇ ရက်နေ့က တောင်ငူအကျဉ်းထောင်ကနေ အမှန်တကယ်လွတ်မြောက်လာခဲ့ပါပြီ။ သူ့ကို သွားရောက် ကြိုဆိုကြတဲ့ မိသားစုဝင်တွေရဲ့ ဝမ်းသာစရာ စကားသံတွေကိုလည်း Duwun Media ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

play

 

ရဲတိုက်

___________

ဝလာတာကတော့ လွယ်ပါတယ်။ ပိန်ဖို့အတွက်က အခုခေတ်မှာ အထောက်အကူပစ္စည်းတွေအများကြီးပါ Gym သွားမယ်၊ အစားလျော့မယ်။ အအိပ်လျော့မယ်။ ထောင်ထဲမှာ တစ်ချိန်လုံးထိုင်နေရတာကိုး လှုပ်ရှားသွားလာမှုမရှိတော့ ဝလာတာ။ထောင်ထဲက အတွေ့အကြုံက တစ်ယောက်ကို ပြောဖို့ ချန်ထားတာခင်ဗျ။ ပရိသတ်အတွက်က သိလည်းဘာမှ မထူးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်ပရိသတ်ကို စိတ်မကောင်း မဖြစ်စေချင်ဘူး။

play

 

ဦးထွန်းညွှန့်မော်(ရဲတိုက်ဖခင်)

____________________________

အရင်ကတော့ ခပ်မိုက်မိုက်ပုံစံလို စိတ်မျိုးက သူ့ရဲ့ မူရင်းစိတ်မဟုတ်ပါဘူး။ သူက သရုပ်ဆောင်ကထွက်တဲ့ သဘောတရားတို့ သူ့မူရင်းစိတ်က တကယ်ကို လိုလိုလားလားနဲ့ ပျော့ပျော့ပျောင်းပျောင်း ဆက်ဆံတတ်တဲ့ ကလေးပါ။

play

 

ဦးရဲနိုင်မိုး ( ရဲတိုက်ဦးလေး)

_________________________

ဒီရက်ကို စောင့်နေတာ အရမ်းကြာသွားပြီလေ။ သူဖြစ်တဲ့အမှုနဲ့ သူခံစားရတာ နှစ်တွေအရမ်းကြာတယ်လို့ ကျွန်တော်တို့ အားလုံးက တွေးကြတယ်။ စိတ်မကောင်းဖြစ်ကြတယ်ဆိုတော့ အရမ်းဝမ်းသာတယ်။ မနက်အစောကြီး သူ့ကိုသွားခေါ်တဲ့အချိန်မှာ သူကိုယ်တိုင်ကလည်း အရမ်းစိတ်လှုပ်ရှားနေတယ် တကယ့်ကို အမှတ်တရနေ့လေး ဖြစ်ပါတယ်။

play

 

ဂုဏ်ကျော်ဇော ( ရဲတိုက် မိတ်ဆွေ)

_______________________________

ကျွန်တော်နဲ့ ကိုရဲတိုက်ရဲ့ ဆက်ဆံရေးကတော့ ရဲဘော်ရဲဘက်ဆိုတဲ့ အဆင့်ထိအောင်ရှိပါတယ်။ သူပြန်လွတ်လာပြီဆိုတာကလည်း အိမ်မက် တစ်ခုလိုပါပဲ။ ကျွန်တော်တို့က အနုပညာကို အရင်ဆုံးနားလည်အောင်ကြိုးစားကြတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် သူကလည်း ဒီလမ်းကြောင်း ပေါ်မှာ ရွေးချယ်မှုတွေနဲ့ ဖြတ်သန်းသွားတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေက အုတ်မြစ် တစ်ခုလို ဖြစ်လာ တယ် အဲ့ဒီခံစားချက်တွေက ညီအစ်ကိုထက်လည်းသာတယ်။

play

 

သရုပ်ဆောင်ရဲတိုက်ကတော့ အခုလက်ရှိ အနုပညာအလုပ်တွေပြန်လုပ်ဖို့ အချိန်ယူရဦးမယ်လို့ သိရပါတယ်။ ရဲတိုက်ထောင်က ထွက်လာပြီ ဖြစ် တာကြောင့် သူနဲ့အတူလက်တွဲအလုပ်လုပ်ချင်တဲ့ အနုပညာရှင်တွေကလည်း စောင့်ဆိုင်းလျှက်ရှိကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD