AD
AD
AD

သရုပ်ဆောင်၊ မော်ဒယ်လ် နှင်းထက်ထက်ဝေကတော့ သားလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အနုပညာ အလုပ်တွေလည်း ဆက်တိုက်လုပ်ဖြစ်နေပေမယ့် သားလေး ပန်းဇော်ဦးအတွက် အချိန်ပေးဖြစ်ခဲ့ပုံနဲ့ သူ့ရဲ့သားလေးအကြောင်းကိုလည်း Duwun Media ကနေ အခုလိုမိတ်ဆက်ပြောပြခဲ့ပါတယ်။

play

 

'' သားသားက အခုဆိုရင် ၂၀၁၈ခုနှစ် ၁ လပိုင်းဆိုရင် ၄ နှစ်ပြည့်ပါပြီ။ အခုတော့ Global Yangon School မှာ တက်နေတာပါ။ သားသားက ဘာတွေပြောင်းလဲလာသလဲဆိုတော့ အင်္ဂလိပ်စာကို ကိုယ့်ထက်အများကြီးပိုတော်မယ်လို့ထင်ပါတယ်။ ပြီးတော့ သူကအနုပညာမှာ ဓာတ်ပုံရိုက်တာဆိုရင်လည်း လုပ်လိုက်တာပဲ။ ဒါပေမယ့် အဓိကဝါသနာပါတာကတော့ အတီးနဲ့ အကပေါ့နော်။ Music အသံကြားရင် လှုပ်ပြီး ကနေတာပေါ့နော်။ နောက်ပြီး သူ ပီယာနိုတီးတာလည်း အရမ်းသဘောကျတယ်'' လို့ ဆိုပါတယ်။

play

 

သားတစ်ယောက်မိခင်ဖြစ်တဲ့အတွက် သားလေးအပေါ်မှာလည်း နားလည်အောင်ဆုံးမပေးသလို သူဝါသနာပါတာကိုလည်း ထိပ်ဆုံးထိ ရောက် အောင် ပံ့ပိုးပေးသွားမယ်လို့ နှင်းထက်ထက်ဝေက ပြောပါတယ်။

'' သူဝါသနာပါတဲ့ အလုပ်ကို ဘာပဲဖြစ်ဖြစ်ပေါ့နော်။ ထိပ်ဆုံးထိရောက်အောင် ကိုယ့်လိုမျိုး အလယ်ကြီးကနေ ပြတ်မကျသွားအောင် ထိပ်ဆုံးထိရောက်အောင် ပံ့ပိုးပေးမယ်လို့ ဆုံးဖြတ်ထားပြီးသာပါ။ အဓိက ကတော့ အမိန့်ပေးသလိုဖြစ်တာတွေကိုရှောင်တယ်။ တစ်ခါတစ်လေ တော့ ကိုယ်အရမ်းဒေါသထွက်တဲ့ အချိန်မှာ လေသံမာသွားတာမျိုးတွေရှိတယ် ပြီးတော့သားအမိနှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်ပြီး သားသား က ဘာလိုချင်တာလဲ၊ မေမေကတော့ ဘာလိုချင်တယ်ဆိုတာမျိုးသေချာ နားလည်အောင်ပြောပြပါတယ်'' လို့ သူက ဆိုပါတယ်။

play

 

သားတစ်ယောက်မိခင်ဖြစ်တဲ့အတွက် သားလေးအပေါ်ထားတဲ့ သူ့ရဲ့ မျှော်မှန်းချက်တွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

''မျှော်မှန်းချက်ကလည်း သူ့ဆီကနေပြန်လိုချင်တာမဟုတ်ဘူးပေါ့နော်။ ကိုယ်အသက်ရှင်နေတဲ့အချိန်ထိ သူလိုချင်တာကို ဘယ်လောက်အထိ ပေးနိုင်မလဲ၊ ဘယ်လောက်အထိဖြည့်ဆည်းပေးနိုင်မလဲ၊ သူ့ဘဝတိုးတက်ဖို့ ကိုယ်ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ မျှော်လင့်ချက်ဆို ပိုမှန်ပါလိမ့်မယ်၊ သားလေးကတော့ ညီမအပေါ် ၁၀၀ ရာခိုင်နှုန်းခွန်အားတွေပေးနိုင်ပါတယ်'' လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

play

 

သရုပ်ဆောင်နှင်းထက်ထက်ဝေကိုတော့ မြဝတီရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ဇာတ်လမ်းတွဲတွေက တဆင့်ပရိသတ်အားပေး မှုရရှိလာ တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။မော်ဒယ်လ်တစ်ယောက်အနေနဲ့လည်း အနုပညာအလုပ်တွေ ဆောင်ရွက်ခဲ့တဲ့အတွက် လက်ရှိမှာ ရှိုးပွဲတွေ လည်း လျှောက်နေရတယ်၊ဖက်ရှင်မဂ္ဂဇင်းတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။

Photo: နှင်းထက်ထက်ဝေ ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD