AD
AD
AD

သရုပ်ဆောင်ရဲတိုက်ရဲ့ ဖခင်ဖြစ်တဲ့ ဦးထွန်းညွှန့်မော်ကတော့ သားဖြစ်သူ ရဲတိုက်ဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ကာရိုက်တာအရ သာ ခပ်မိုက်မိုက်ပုံစံတွေက သူ့ရဲ့ မူရင်းစိတ်မဟုတ်တဲ့အကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ခပ်မိုက်မိုက်ပုံစံတွေကလည်း ရဲတိုက်ရဲ့ မူရင်းစိတ်မဟုတ်ပါဘူး။ သူဟာ သရုပ်ဆောင်တဲ့အချိန်မှာ လိုအပ်ရင် လိုအပ်သလိုပြောတာမျိုးတို့င လွဲလို့ သူ့မူရင်းစိတ်ကိုက အင်မတန်ကို နူးနူးညံ့ညံ့နဲ့ ပျော့ပျော့ပြောင်းပြောင်းဆက်ဆံတတ်တဲ့ ကလေးပါ။ ရဲတိုက်ကတော့ သားအကြီးဆုံးပါ သူ့အောက်မှာ သားသုံးယောက်ရှိပါသေးတယ်'' လို့ ဆိုပါတယ်။

play

 

ရဲတိုက်ကို ထောင်ဝင်စာသွားတွေ့တဲ့အချိန်မှာလည်း အဓိက က ကျန်းမာရေးဂရုစိုက်ဖို့ ပြောပြီး အနုပညာအလုပ်အပေါ်တိုးတက်အောင်လုပ် မယ်ဆိုတဲ့ရဲတိုက်ရဲ့ ဆန္ဒကိုလည်း အခုလို ဖွင့်ဟ ပြောပြခဲ့ပါတယ်။

''  အဓိက ကတော့ သူကျန်းမာရေးဂရုစိုက်ဖို့၊ ပြီးတော့ အပြင်ကလူတွေကိုလည်း စိတ်ပူပြီးတော့ မေးတာမြန်းတာရှိတယ် ပြီးတော့ အပြင် ထွက်လာတဲ့အချိန်မှာ လုပ်နိုင်မယ့် အလုပ်ရဲ့ ကုန်ကြမ်းတွေကို များများစုဖို့ အဲ့ဒီအပေါ်မှာလည်း ကြေကြေညှပ်ညှပ်ဖြစ်အောင်လုပ်ဖို့ သူက လည်း အပြင်ဘက်ထွက်လာရင် အနုပညာလုပ်ငန်းကို ပိုပြီးတော့ တိုးတက်အောင်လုပ်မယ်ဆိုပြီးတော့ ဆန္ဒမျိုး အမြဲတမ်း သူပြောပါတယ်'' လို့ ဆိုပါတယ်။

play

 

သားဖြစ်သူရဲတိုက်ကိုလည်း သူ့ရဲ့ ပရိသတ်တွေက တောင့်တကြတယ်၊ ရဲတိုက်ကိုယ်တိုင်ကလည်း အနုပညာလုပ်ငန်းအပေါ်မှာ စွဲစွဲမြဲမြဲ ဖြစ်နေ တော့ သူ့အနေနဲ့ အကောင်းဆုံးကြိုးစားဖန်တီးပြီးတော့ အောင်မြင်တဲ့ လမ်းကြောင်းတစ်ခုအပေါ်ရောက်သွားစေချင်တာ မိဘရဲ့ ဆန္ဒပါလို့ Duwun Media ကနေဖြေဆိုခဲ့ပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD