AD
AD
AD

အဆိုတော်ဇွဲပြည့်ကတော့ မကြာခင်ကျရောက်တော့မယ့် သူ့ရဲ့ မွေးနေ့မှာ သူ့ကိုချစ်တဲ့ Fan တွေနဲ့အတူပေါင်းပြီး ပရဟိတလုပ်ရင်း ဖြတ်သန်းသွားမယ်လို့ သိရပါတယ်။နောက်ထပ်လည်း ပရဟိတနဲ့ ပတ်သက်တဲ့ သူ့ရဲ့စိတ်ခံစားချက်ကိုလည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' အစ်ကို့မွေးနေ့ ကနိုဝင်ဘာ ၃၀ ရက်နေ့မှပါ။ ၂၉ ရက်နေ့လောက်မှာ ကျိုက်ဝိုင်းဘုရားနားလေးမှာရှိတဲ့ မိဘမဲ့ကလေးတွေလို့လည်း ပြောလို့ရတယ် ခန္ဓာကိုယ်ချို့ယွင်းနေတဲ့ ကလေးတွေကို တစ်ရက်စာထမင်းကျွေးမယ်။ အဲ့ဒီနေ့မှာ အစ်ကို့ရဲ့ We Love Fan တွေ အဖွဲ့တွေ အကုန်လုံးပါတယ်။ သူတို့တွေအကုန်လုံးနဲ့ အစ်ကိုတို့တွေ ၄ ၊ ၅ ၊ ၆ သိန်းလောက်လှူမယ်။ ထမင်းကျွေးတာရော၊ ကျောင်း အတွက်လိုအပ်တာ တွေ တစ်ခုခုလုပ်ကြမယ်'' လို့ ဆိုပါတယ်။

play

 

မိဘမဲ့ကလေးတွေ၊ ခန္ဓာကိုယ်ချို့ယွင်းနေတဲ့ ကလေးတွေနဲ့အတူ တကယ်လိုအပ်တဲ့ အပျော်ခရီးစဉ်လေးအကြောင်းကိုလည်း အခုလိုပြောပြခဲ့ ပါတယ်။

'' အဲ့ဒီမှာ ဆရာ၊ ဆရာမတွေကိုမေးကြည့်တော့ ကလေးတွေကို လေ့လာရေးခရီးတစ်ခုအနေနဲ့ Trip တစ်ခု ထွက်ပေးချင်တယ်။ တကယ် လည်း လိုအပ်ပါတယ် သူတို့အနေနဲ့ ကျောင်းထဲမှာပဲ နေနေရတော့ တစ်ခုခုခရီးသွားတော့ ပျော်တာပေါ့။ ရန်ကုန်မြို့ထဲပဲသွားသွား၊ နယ်ပဲ သွားသွား တစ်ခုခုပေါ့။ ရန်ကုန်ဆိုရင်လည်း တိရစ္ဆာန်ဥယျာဉ်လိုနေရာမျိုးပေါ့။ သူတို့အတွက်လိုအပ်တယ်လို့ပြောတယ် အဲ့ဒါကို လုပ်ပေးမယ်။ ကျောင်းမှာ လည်း လိုအပ်တာရှိရင် ဖြည့်ပေးမယ်'' လို့ ဇွဲပြည့်က ပြောပါတယ်။

play

 

ပရဟိတနဲ့ပတ်သက်လို့ စိတ်အားထက်သန်လွန်းလှတဲ့ အဆိုတော်ဇွဲပြည့်အနေနဲ့ မကြာခင်က မကွေးတိုင်းထဲက မျက်စိမမြင်တဲ့ကျောင်းမှာ သွားရောက်အလှူအတန်းပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး အမှတ်တရပြောပြခဲ့ပါတယ်။

 

'' ဟိုတလောကလည်း ကျွန်တော် မကွေးတိုင်းထဲက မျက်စိမမြင်တဲ့ကျောင်းမှာ မျက်စိမမြင်တဲ့သူတွေ မိုးရွာတော့အိမ်သာသွားရင် အခက်အခဲ ဖြစ်တာကြောင့် လျှောက်လမ်းကို ကျွန်တော်နဲ့ ကျွန်တော့်ဆရာအတူတူပေါင်းပြီးတော့ လှူတာပေါ့။ ပြီးတော့ ကျွန်တော့် Fan တွေနဲ့လည်း ပေါင်းပြီးတော့ လှူကြတာမျိုးတွေရှိတယ်'' လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

အဆိုတော်ဇွဲပြည့်အနေနဲ့ ပရဟိတအလုပ်တွေဆောင်ရွက်တဲ့အခါ သူနဲ့အတူ ပရိသတ်တွေကလည်း အားတက်သရောပါဝင်ဆောင်ရွက်လာ ကြတာကိုတွေ့ရပါတယ်။ သူ့အနေနဲ့ တကယ်ကိုထိရောက်တဲ့အလှူမျိုး တကယ်လိုအပ်နေတဲ့ နေရာတွေကို သွားရောက်လှူဒါန်းချင်တဲ့ စိတ်ရှိတယ်လို့ ဆိုပါတယ်။

photo: Duwun , Zwe Pyae Facebook

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD