AD
AD
AD

ငါက ဗိုလ်အောင်ဒင် ရုပ်ရှင်ဇာတ်ကားကြီးအထူးပြသပွဲကို နိုဝင်ဘာလ ၂၃ ရက်နေ့မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဒီရုပ်ရှင် ဇာတ်ကားကြီးနဲ့ ပတ်သက်တဲ့အမှတ်တရစကားသံတွေကိုလည်း Duwun Media ကနေတဆင့်အခုလိုပြောပြကြခဲ့ပါတယ်။

play

 

ကိုဇော်(အရုဏ်ဦး)

______________

ဒီဇာတ်ကားမှာ ပြေတီဦးကလည်း ဗိုလ်အောင်ဒင်မဟုတ်သလို၊ မင်းမော်ကွန်းကလည်း ဗိုလ်အောင်ဒင်မဟုတ်ဘူး။ ဘယ်သူက ဗိုလ်အောင်ဒင် ဆိုတာကိုတော့ ကြည့်ပြီးသွားရင်တော့ သိကြမှာပါ။

play

 

မင်းမော်ကွန်း

________________

ပြေတီဦးနဲ့ ကျွန်တော်နဲ့က ရွာထဲမှာ မတည့်ကြဘူး။ သူကလည်းဆိုးတယ်၊ ကျွန်တော်ကလည်း တစ်မျိုးဆိုးတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်လုပ်နေကြတဲ့ ဇာတ်ရုပ်ပါပဲ။

play

 

ပြေတီဦး

_____________

ဒီဇာတ်ကားမှာက ကထိန်ရာသီမှာ အလှူခံတဲ့အခါ လော်စပီကာတွေနဲ့ အလှူခံကြတယ်။ အဲ့ဒီအခါကျတော့ အလှူခံတဲ့ လူတွေအနေနဲ့ကလည်း ဒါဟာ ဘာသာရေးပေါ့။ ပတ်ဝန်းကျင်ဘက်က ကြတော့လည်း ကြာလာတော့ နားတွေပူလာကြတာပေါ့နော်။ အဲ့ဒီအမြင်လေးပေါ်မှာ အခြေခံပြီးတော့ ဇာတ်လေးတစ်ခု ရိုက်ဖြစ်ခဲ့တာပေါ့။

play

 

တက္ကသိုလ်ဂွမ်းပုံ

_____________

ပုဂံ- ညောင်ဦးလမ်းမ ပေါ်မှာဖွင့်ထားတဲ့ ထမင်းဆိုင်ပိုင်ရှင် ကြည်ပြာခင်နေရာက ပါဝင်သရုပ်ဆောင်ထားတာပါ။ တစ်ရွာတည်းနေတဲ့ တီတီ့ကို တစ်ဖက်သတ်ကြိုက်ရတဲ့ သူတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားတာပါ။

play

 

ငါက ဗိုလ်အောင်ဒင် ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းမော်ကွန်း၊ ပြေတီဦး၊ အိချောပို၊ တက္ကသိုလ်ဂွမ်းပုံ၊ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Photo: Duwun, ဗိုလ်အောင်ဒင် Page

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD