AD
AD
AD

အလွမ်းသီချင်းချိုချိုလေးတွေ သီဆိုတတ်တဲ့ အဆိုတော်ဖြိုးပြည့်စုံကတော့ အချစ်ရေးမှာ အသည်းကွဲခဲ့ဖူးတယ်ဆိုတာကို Duwun Media ကနေ ရင်ဖွင့်စကားဆိုခဲ့ပါတယ်။ သူ့အနေနဲ့ လိုချင်တဲ့ချစ်သူပုံစံလေးကိုလည်း လက်တွဲဖော်အဖြစ်ရွေးချယ်သွားမယ်ဆိုတာကို Duwun ပရိသတ်တွေအတွက် ပြောပြခဲ့ပါတယ်။

play

 

'' အစ်ကို  ကလေးဘဝကတည်းကနေ အခုထိ ရုပ်ချောတာ လှတာ ဂုဏ်ပကာသနတွေဆိုတာထက် အစ်ကိုတို့အလုပ်နဲ့ ဆိုရင် နားလည်မှု ကတော့ ပိုအရေးကြီးမယ်ထင်တာပဲ။ အဓိက ကတော့ စိတ်ပေါ့နော် အစ်ကိုက အမှားတစ်ခုလုပ်နေရင်တောင် ဒီအမှားကို သူက ကြည်ကြည် ဖြူဖြူ လေးနဲ့ လုပ်နေမယ်ဆိုရင်တော့ အစ်ကိုအားနာလာလိမ့်မယ်ထင်တယ်။ င့ါကိုချစ်တဲ့သူက အများကြီး ညှာတာပဲ ဆိုတဲ့ စိတ်လေးနဲ့ အစ်ကို ကိုယ်တိုင်ကလည်း သူမပြောပဲနဲ့ဆင်ခြင်ပြီး နေလာနိုင်တယ်။ အဲ့ဒီလိုမျိုးဖြစ်နေတဲ့ ချစ်သူလေး လိုချင်ပါတယ်'' လို့ သူကဆိုပါတယ်။

play

 

အနုပညာရှင်တစ်ယောက်လည်းဖြစ်တာကြောင့် လက်တွဲဖော်ရွေးချယ်တဲ့အခါမှာလည်း ကိုယ်ကိုယ်တိုင်ရင်ခုန်တဲ့မိန်းကလေးကိုပဲ ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

 

'' မိဘက ဘေးကဆိုင်ပဲဆိုင်တာ ပိုင်တာ ၊ ပတ်သက်တာက အစ်ကိုကိုယ်တိုင်ဆိုတော့ အစ်ကိုရင်ခုန်မှဖြစ်မှာပါ။ အဲ့ဒီအတွက်ကြောင့် အစ်ကို ရင်ခုန်တဲ့သူကိုပဲ ရှာမှာပါ။ အသည်းကတော့ ကွဲဖူးပါတယ် ငယ်ငယ်တုန်းက လုပ်ဇာတ်နဲ့ကွဲဖူးတာလည်းရှိပါတယ်။ ဆယ်ကျော်သက် အရွယ် တုန်း က ၉ တန်း၊ ၁၀ တန်းတုန်းက တစ်ယောက်၊ တက္ကသိုလ်မှာ အဆိုတော်မလုပ်ခင်အထိ သမီးရည်းစားဆိုတဲ့ ဘဝကို ဖြတ်သန်းခဲ့ဖူးတယ်။ စစချင်းတုန်းကတော့ ချစ်ကြတာပေါ့နော် နောက်ဆုံး ကျတော့ နားလည်မှုလေးတွေလွဲကြတယ်ပေါ့။ အခုချိန်မှာ သူတို့လည်း သူတို့ ဘဝ ရပ်တည်မှုလေးတွေ နဲ့ အဆင်ပြေနေကြပြီဆိုတော့ အစ်ကိုဝမ်းသာတယ်'' လို့ Duwun media ကို ဖြေဆိုခဲ့တာပါ။

play

 

ဖြိုးပြည့်စုံအနေနဲ့ ဆယ်ကျော်သက်အရွယ်တုန်းက ချစ်သူရည်းစားထားခဲ့တာတွေကို ပြန်တွေးကြည့်ရင် ရယ်စရာတွေလည်းရှိတယ်၊ အမှားတွေ လည်းရှိတယ်၊ နောင်တရတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ကိုယ့်ကြောင့် သူများသားသမီးထိခိုက်နစ်နာသွားမှာကို စိုးရိမ်မိတဲ့စိတ်ကတော့ အခုချိန်ထိ ရှိနေသေးတယ်လို့ ပြောပါတယ်။

phot: ဖြိုးပြည့်စုံဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD