AD
AD
AD

ငါက ဗိုလ်အောင်ဒင် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းမော်ကွန်းကတော့ သရုပ်ဆောင်ပြေတီဦးနဲ့ မတည့်အတူ နေ တစ်ရွာတည်းသား ဖေချစ်ဆိုတဲ့ ကာရိုက်တာကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်တဲ့ အမှတ်တရ စကားသံတွေကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော်နဲ့ တီတီနဲ့က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက တွဲပြီးတော့ သရုပ်ဆောင်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေပါပဲ။ အဲ့ဒီတော့ အပေးအယူ ကတော့ အများကြီးညှိစရာမလိုပါဘူး။ အမှတ်တရဖြစ်တာကတော့ ဇာတ်ကားရိုက်နေစဉ်အတွင်းမှာလည်း ကျွန်တော်တို့ ပျော်ခဲ့ရပါတယ် အကုန်လုံး ညီညီညွှတ်ညွှတ်နဲ့ ကြိုးလည်း ကြိုးစားကြတယ်။ ပင်လည်း ပင်ပန်းခဲ့ကြပါတယ်'' လို့ ဆိုပါတယ်။

play

 

ငါက ဗိုလ်အောင်ဒင်ရုပ်ရှင်ဇာတ်ကားထဲမှာ မတည့်အတူနေသူငယ်ချင်းနှစ်ယောက်က အရေးကြုံလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုအရင်းထက် ပိုချစ်ကြတဲ့ စိတ်အပြောင်းအလဲအပေါ်မှာလည်း အခုလိုပြောပြခဲ့ပါတယ်။

 

'' ဒါက သူ့နဂို သူ့ဇာတ်ညွှန်းထဲမှာရေးထားတဲ့ အထဲမှာကိုက ပါပြီးသားဆိုတော့ အဲ့ဒီလို တွစ်လေးတွေကို သဘောကျပြီးတော့ လက်ခံဖြစ်ခဲ့တာ ပါ။ ခဏတဖြုတ်ပရိသတ်တွေရဲ့ ဘဝအမောတွေပြေချင်ရင်တော့ ဒီဇာတ်ကားလေးကို လာကြည့်စေချင်တယ်'' လို့ မင်းမော်ကွန်းက ပြောပါ တယ်။

play

 

သရုပ်ဆောင်မင်းမော်ကွန်း အနေနဲ့ သူပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေ ရုံမတင်တာကြာပြီဖြစ်လို့ ငါကဗိုလ်အောင်ဒင်ရုပ်ရှင် ဇာတ်ကားကိုပရိသတ်တွေလာရောက်အားပေးကြဖို့ ဖိတ်ခေါ်စကားဆိုခဲ့ပါတယ်။ သူ့ရဲ့ လက်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ နုံနုံအအ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမယ်လို့ ဆိုပါတယ်။

Photo: လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေး

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD