AD
AD
AD

ဥ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုရရှိခဲ့တဲ့ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)ကတော့ ငါ့ ဥ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း နာမည်ကျော်သရုပ်ဆောင်များနဲ့ အတူ ရိုက်ကူးပုံဖော်ထားတယ်ဆိုတာကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ငါ့ ဥ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကတော့ ထုတ်လုပ်ရေးအသစ်က ရိုက်ချင်တယ်ဆိုလို့ရိုက်ပေးလိုက်တာပါပဲ။ ရှေ့က ဥ ကားနဲ့ပုံစံမတူအောင် တင်ပြထားပါတယ်။ ဒီဇာတ်ကားထဲမှာက ကျော်ရဲအောင်ရယ်၊ ညီထွဋ်ခေါင်ရယ်၊ ဇေရဲထက်ရယ်၊ အိချောပိုရယ် သရုပ်ဆောင်ထားတယ်။'' လို့ ဆိုပါတယ်။

play

 

ငါ့ဥ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဥ ကိုပဲလုရမှာဆိုပေမယ့် ဒီတစ်ခါ လူ ဥ ဖြစ်တယ် ဆိုတာကို ပြောပြခဲ့ပါတယ်။

'' ဥ ကိုပဲလုကြမှာ ဥ ကတော့ ဥ အသစ်ဖြစ်သွားတာပေါ့။ ဟိုတုန်းကတော့ ကြက်ဥ လုတာပေါ့ ဒီတစ်ခါတော့ လူဥ လုရမှာ။ အိချောပိုက အက်ဆီးဒင့်ဖြစ်ပြီး အတိတ်မေ့ပြီးတော့ရောက်လာတယ်။ သူကလည်း အဲ့ဒီမှာ သူ့ကိုယ်သူ ဥလို့ပြောလိုက်တာ ဖြစ်ချင်တော့ ကျော်ရဲအောင် ရော၊ ခန့်စည်သူရောက သူရောက်လာတဲ့အချိန်မှာ သူတို့မိန်းမတွေက အိမ်မက်ပေးတယ်။ လူ့လောကကို ပြန်လာချင်တယ် ဆိုပြီးတော့ အိမ်မက် ပေးထားကြတယ်။ အဲ့ဒါကို သူတို့ကလည်း ယုံကြည်နေတယ် ဥ ဆိုပြီးတော့ အိချောပိုက ရောက်လာတဲ့အချိန်မှာ သူ့ဥ ငါ့ဥ ဆိုပြီးတော့ ဖြစ်တယ်။ အဲ့ဒီမှာ သား ၂ ယောက်ကလည်း သူ့စော် ၊ ငါ့စော် ဆိုပြီးတော့ ဒီ ဥ ကိုပဲ ဝိုင်းလုကြတယ်ပေါ့။ နောက်ဆုံးမှာ အိချောပိုက ကိုယ်ဝန် ရှိသွားတဲ့အချိန်မှာ ဘယ်သူ တာဝန်ယူမလဲဆိုတဲ့ ပုံစံမျိုးပေါ့'' လို့ ကိုဇော်(အရုဏ်ဦး) က ပြောပါတယ်။

 

play

 

အောင်မြင်မှုရရှိခဲ့တဲ့ ဥ ရုပ်ရှင်ဇာတ်ကားနဲ့အကယ်ဒမီဆုရရှိခဲ့ပေမယ့် ငါ့ဥ ရုပ်ရှင်ဇာတ်ကားကြီးဖန်တီးပုံဖော်တဲ့အချိန်မှာလည်း အရင်တစ်ကား ထက် နောက်တစ်ကားမှာဘယ်လိုအကောင်းဆုံးတွေချပြမလဲ၊ ပထမဇာတ်ကားက အားနည်းချက်တွေအားလုံးကိုယူပြီးတော့မှ နောက်တစ်ကား ရိုက်ရတာဖြစ်တဲ့အတွက် ဖိစီးမှုတော့ မရှိဘူးလို့ဆိုပါတယ်။

Photo: ကိုဇော်(အရုဏ်ဦး) ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD