AD
AD
AD

ငါက ဗိုလ်အောင်ဒင်ရုပ်ရှင်ဇာတ်ကားမှာ ထမင်းဆိုင်ပိုင်ရှင်တစ်ယောက်၊ ရွာထဲက အကြော်သည်ကောင်မလေးနဲ့အတူ ဗိုလ်အောင်ဒင်ကို တစ်ဖက်သတ်အပြိုင်ကြိတ်ပိုးရတဲ့ ကြည်ပြာခင်ဆိုတဲ့ ကာရိုက်တာနဲ့ အချိတ်အဆက်မိအောင်ပါဝင်သရုပ်ဆောင်ထားတဲ့ တက္ကသိုလ်ဂွမ်းပုံ ကတော့ ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး အမှတ်တရဖြစ်ရပ်လေးတွေကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ငါက ဗိုလ်အောင်ဒင်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပုဂံညောင်ဦး သွားတဲ့ လမ်းမပေါ်က ထမင်းဆိုင်ပိုင်ရှင်တစ်ယောက်ပေါ့နော်။ ရွာက ဗိုလ်အောင်ဒင်ကို လုကြတယ်။ကိုယ့်သမီးအရွယ်လောက်ရှိတဲ့ ကောင်မလေးနဲ့လုတာပေါ့နော် ကိုယ်ချစ်နေတဲ့ချစ်သူကို ရဖို့ပေါ့ ကိုယ် စံထား လောက်တဲ့ ဗိုလ်အောင်ဒင် ဆိုရင် ကိုယ်က ကြည်ပြာခင်ပေါ့။ သူက မမြဝင်းယူထားတာဆိုတော့ ကိုယ်က မမြဝင်းမဖြစ်နိုင်တော့ဘူးဆိုတာ သိတယ်။ မုဏ်းကလည်း ကိုရီးယားရူး ရူးနေတဲ့ အကြော်သည်မလေး ပေါတောတောလေး၊ ဒီဘက်မှာ မဂွမ်းကလည်း မမကြီးပေါ့ စပ်စလူးမပေါ့ အဲ့ဒီမှာ နှစ်ယောက်တွေ့ကြတယ်ပေါ့၊ မင်းသားကို လမ်းမှာ ပြေးနမ်းရမယ်ဆိုတော့လည်း နှစ်ယောက်သား အရှက်အကြောက်မရှိ အမြဲသတ် နေကြတဲ့ ပုံစံလေးပေါ့'' လို့ သူကဆိုပါတယ်။

play

 

တစ်ရွာတည်းသား ဗိုလ်အောင်ဒင်ကို အပြိုင်လုကြရင်း နပန်းသတ်ရတဲ့ဇာတ်ဝင်ခန်းမှာလည်း မဂွမ်းနဲ့အပြိုင်သရုပ်ဆောင်နိုင်ခဲ့တဲ့ မုဏ်းကို လည်း ချီးကျူးစကားဆိုခဲ့ပါတယ်။

'' ဘူဒိုဇာလက်ကြီးတွေနဲ့ ကော်ထားတဲ့ကွင်းပြင်ကြီးမှာ လှိုင်းလေးတွေလိုဖြစ်နေတာဆိုတော့ လှတယ်။ အဲ့ဒီနေရာမှာ နင်တို့ သတ်ဆိုတော့ တကယ် ကြောတွေတောင်နာပါတယ်။ မုဏ်းက ကျတော့ ကိုယ့်ထက်အသက်လည်းအများကြီးငယ်တယ်၊ ဆံပင်တွေဆွဲ၊ ပါးတွေရိုက် အပေါ် ကနေ တက်ခွရတာတွေဆိုတော့ တီဂွမ်းက ဒီလိုလှဲရင် သမီးက ဘယ်လိုလုပ်ဆိုတာကို သူ့ကိုတောင်လျှောက်ပြောပေးသွားတာ။သူကလည်း အန်တီဂွမ်း မညှာနဲ့၊ အန်တီဂွမ်းကလည်း ပြန်လုပ်ပြီနော် ဆိုပြီးတော့ တော်ပါတယ် သူလဲ အကုန်လိုက်လုပ်နိုင်တယ်'' လို့ဆိုပါတယ်။

play

 

ဗိုလ်အောင်ဒင်ကို ပြိုင်လုကြရင်း တစ်ဖက်မိန်းကလေးက သူ့ကိုယ်သူ မမြဝင်းလို့ခံယူထားတာကြောင့် ဗိုလ်အောင်ဒင်နဲ့ ကြည်ပြာခင်ဆိုတဲ့ သီချင်းစာသားလေးကို လည်း Play Back ထည့်သွင်းထားတဲ့ လုပ်ကွက်လေးအပေါ်မှာလည်း သူ့ရဲ့ခံစားချက်ကိုပြောပြခဲ့ပါတယ်။

 

''ဇာတ်ကားထဲမှာလည်း ငါက ဗိုလ်အောင်ဒင် နင်က မမြဝင်း ဆိုရင် ငါကတော့ ကြည်ပြာခင်ပေါ့။ အားလုံးကိုလာမစမ်းနဲ့ တောက်ချလိုက်မယ် ဆိုပြီးတော့ Play Back လေးတစ်ပုဒ် မဂွမ်းကိုပေးထားတဲ့အတွက်ကြောင့် တကယ်လည်း ကိုဇော်(အရုဏ်ဦး)တို့ မသီတာတို့ကို ကျေးဇူးတင်ပါ တယ်။ ကိုယ်လုပ်ခွင့်တွေ အများကြီးရတယ်ပေါ့နော်။ ပြီးတော့ တီတီ့ကိုလည်း တစ်ဖက်သတ်ကြိုက်ရတယ်၊ မုဏ်းလေးကလည်း အရမ်းတော် တယ်။ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှတတဲ့အတွက် အောင်မြင်တဲ့ကားလေးဖြစ်မှာပါ'' လို့ဆိုပါတယ်။

play

 

တက္ကသိုလ်ဂွမ်းပုံ ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ငါက ဗိုလ်အောင်ဒင် ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းမော်ကွန်း၊ ပြေတီဦး၊ အိချောပိုတို့နဲ့အတူ အဓိက ပါဝင်သရုပ်ဆောင် ထားတယ် လို့သိရပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD