AD
AD
AD

သရုပ်ဆောင်ရဲတိုက်ကတော့ အခုလက်ရှိ သန်လျင်က သူ့မိဘအိမ်မှာပဲ နေထိုင်တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ကျန်းမာရေးအတွက်လည်း အထူးကုဆရာဝန်ကြီးများနဲ့ ဆေးကုသလျှက်ရှိပြီး ၂၀၁၈ ခုနှစ် နှစ်စပိုင်းမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နိုင်တော့မယ်လို့ ဆာတိုရီထုတ်လုပ်ရေးက ထုတ်လုပ်သူ ကိုရီဇော်က Duwun Media ကိုပြောပြခဲ့ပါတယ်။

play

 

'' ရဲတိုက်က သန်လျင်က သူ့မိဘအိမ်မှာပါပဲ၊ တစ်လ လောက်နားဖို့လိုအပ်နေပါတယ်။ အခုလည်း ဆရာဝန်အထူးကုတွေ၊ နှလုံးအထူးကုတွေ အထွေထွေအထူးကုတွေနဲ့ ပြနေပါတယ်။ စိတ္တဇဆေးရုံရောက်တယ်ဆိုတာကလည်း ကောလာဟလတွေပြောနေကြတာပါ။ သူ့ရဲ့ အနုပညာ အလုပ်တွေကိုလည်း နောက်တစ်လ လောက်နေမှာပြန်စလုပ်ဖြစ်မှာပါ။ ဒီဇင်ဘာအကုန်လောက်ပေါ့ အခုနားပြီးရင်လည်း ခရီးထွက်ဦးမယ်လေ''  လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်ရဲတိုက်အနေနဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့မနက်ပိုင်းမှာ တောင်ငူထောင်ကနေ အမှန်တကယ်လွတ်မြောက်ခဲ့တာဖြစ်ပြီး အဲ့ဒီနေ့ ညနေ ၆ နာရီမှာပဲ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနေနောက် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၆နာရီမှာလည်း ပန်းဆိုးတန်း ဆင်းန်ဂလယ်ရီမှာ သူ့ကိုချစ်တဲ့ ပရိသတ်တွေနဲ့ ရုတ်တရက် တွေ့ဆုံဖြစ်ခဲ့တယ်လို့သိရပါတယ်။ 

photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD