AD
AD
AD

အဆိုတော်ဇွဲပြည့်ကတော့ သူ့အချစ်ရေးနဲ့ပတ်သက်လို့ အသက် ၃၀ ကျော်ရင် ဘဝတစ်ခုထူထောင်မယ်၊ အိမ်ထောင်ပြုပြီးရင်လည်း သီချင်း ဆက်ဆိုမလား၊ မိဘတွေရဲ့ လုပ်ငန်းကိုပဲ ပြန်လုပ်မလားဆိုတာကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' အသက် ၃၀ ကျော်ရင် ဘဝတစ်ခုထူထောင်မယ် လို့စဉ်းစားထားတယ်။ အိမ်ထောင်ပြုပြီးရင်လည်း အဆိုတော်ဘဝနဲ့သွားရင်သွားမယ် ဒါမှမဟုတ် ကျွန်တော့်မိဘ စီးပွား ရေးဖြစ်တဲ့ လယ်ယာသုံးစက်ပစ္စည်းပြန်ရောင်းရင်လည်းရောင်းမယ်။ ဂီတအလုပ်လည်း လုပ်မယ် ဆိုင်လည်း ထိုင်မယ်။ မိသားစုနဲ့ အေးအေးချမ်းချမ်းလေး ဖြတ်သန်းဖို့တော့ စဉ်းစားထားတယ်'' လို့ သူကဆိုပါတယ်။။

play

 

အသက် ၃၀ ကျော်ရင် အိမ်ထောင်ပြုမယ်ဆိုတဲ့ ဇွဲပြည့်က အရင်ကတော့ ရည်းစားတွေထားခဲ့ဖူးပေမယ့် မိဘတွေသဘောကျတဲ့သူ သဘောတူ တဲ့ မိန်းကလေးကိုပဲ ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

 

'' မိဘလည်း သဘောကျရမယ်၊ ကိုယ်လည်း သဘောကျရမယ်။ ပြီးတော့ ကိုယ်ချစ်တဲ့သူတိုင်းက သူချစ်ပေးရမယ်၊ သူချစ်တဲ့လူတိုင်းကိုလည်း ကိုယ်ချစ်ပေးနိုင်ရမယ်ပေါ့။ ကျွန်တော်ဆို မိသားစု ၃ စုလိုဖြစ်နေတာပေါ့နော် ကျွန်တော်အပါအဝင် ကျွန်တော့်မိသားစုပါမယ်၊ ကျွန်တော့် ရည်ရွယ်ထားတဲ့ကောင်မလေး မိသားစုပါမယ်၊ ပြီးတော့ ကျွန်တော့် ပရိသတ်တွေ ပါမယ် ဒီမိသားစု ၃ စုနဲ့ အဆင်ပြေမယ့် လူမျိုးကိုပဲ စဉ်းစား ထားပါတယ်၊ အခုကတော့ ကျွန်တော့်အသက် ၂၉ နှစ်ပြည့်ပဲရှိပါသေးတယ်'' လို့ ဇွဲပြည့်က ပြောပါတယ်။

play

 

ဖခင် ဆုံးပါးသွားပြီးတဲ့နောက် အမေကိုပဲ ဂရုစိုက်နေတာများတယ်ဆိုတဲ့ ဇွဲပြည့်က အမေစိတ်ချမ်းသာဖို့အတွက်ပဲ ခေါင်းထဲမှာထည့်ထားတာ ပိုများတယ်လို့ဆိုပါတယ်။ အမေချစ်တဲ့သားတစ်ယောက်ဖြစ်တဲ့အတွက် မိခင်ဖြစ်သူ စိတ်ကသိကအောင့်ဖြစ်စေမယ့် အလုပ်မျိုးတွေကို ရှောင်တယ် လို့ Duwun Media ကနေပြောပြခဲ့တာဖြစ်ပါတယ်။

Photo: ဇွဲပြည့်ဖေ့ဘုတ်

See more

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD