AD
AD
AD

သရုပ်ဆောင်အေးမြတ်သူကတော့  နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာပွဲကို တက်ရောက်ရင်း အားကျလွန်းလို့ ကိုယ့်အလှည့်မှာလည်း လစ်ဟင်းမှုမရှိအောင် လေ့လာနေတယ်လို့ ဆိုပြီး နန်းမြတ်ဖြိုးသင်းနဲ့ ဆုံတွေ့ခဲ့ရတဲ့ အမှတ်တရလေးတွေကိုလည်း Duwun Media ကနေတဆင့်အခုလိုပြောပြခဲ့ပါတယ်။

play

 

'' နန်းမြတ် သရုပ်ဆောင်စလုပ်ကတည်းက ခင်ပါတယ်။ ပိုပြီးတော့ရင်းနှီးသွားတာက ဝါ၊ စိမ်း၊ နီ ကမ္ဘာသိမ်းမည် ဆိုတဲ့ ဇာတ်လမ်းတွဲရိုက်တယ် အဲ့ဒီမှာ ပိုခင်တယ်၊ နောက်တော့ လည်းဇာတ်ကားတွေရိုက်ရင်းနဲ့ ဆုံဖြစ်ကြပါတယ်။ နန်းမြတ်ကို အရမ်းအားကျတယ် ချစ်သူသက်တမ်းလည်း ၃ နှစ်ရှိပြီ ။ ချစ်သူမဖြစ်ခင်မှာလည်း နန်းမြတ်ကို ၅ နှစ်လောက်ပိုးပန်းရတာဆိုတော့ ဇွဲဆု ရသွားတာဖြစ်မယ်။ နန်းမြတ်လည်း မင်္ဂလာဆောင်မယ် ဆိုမှ သာ သူ့ခင်ပွန်းက ဘယ်သူဆိုတာသိရတာ တကယ်ကို အနေအထိုင်လည်းသေသပ်တယ်၊ တကယ်ကို အမျိုးသမီးကောင်းလေး ကို  ကိုတာတာရတဲ့အတွက် ဂုဏ်ယူပါတယ်။ နန်းမြတ်အတွက်လည်း ကိုယ့်ကို တကယ်ချစ်မြတ်နိုးတဲ့ ခင်ပွန်းကောင်းရတဲ့အတွက် အရမ်းကံကောင်းတယ်လို့ ခံစားရပါတယ်'' လို့ သူက ဆိုပါတယ်။

play

 

နန်းမြတ်ဖြိုးသင်းရဲ့ Pre Wedding ဓာတ်ပုံတွေကို အားကျနေတဲ့ အေးမြတ်သူကတော့ သူ့မှာလည်း စိတ်ကူးယဉ်တာမျိုးတွေရှိပေမယ့် အကောင်အထည်ဖော်ဖို့က ခက်ခဲတယ်ဆိုတာကိုလည်း ပြောပြခဲ့ပါသေးတယ်။

 

'' ဒါလေးတွေက ဘဝမှာ အမှတ်တရကျန်ခဲ့မှာလေးတွေဖြစ်တဲ့အတွက် အရမ်းကိုအားကျတယ်၊ ဒီ့ထက်ကြီးတဲ့ စကားမျိုးမရှိဘူးဖြစ်နေတယ်။ ကိုယ့် စိတ်ကူးထားတာကလည်းရှိတော့ရှိပါတယ် အဲ့ဒီလောက်အကြီးကြီးတော့ မမျှော်မှန်းရဲပါဘူး။ နန်းမြတ်ကတော့ တကယ့်ကို ကံကောင်းတဲ့ မိန်းကလေးပါ ဘာကြောင့်လဲဆိုတော့ မိန်းကလေးတိုင်းက အဲ့ဒီလိုမျိုးစိတ်ကူးတွေရှိပေမယ့် တကယ်အကောင်အထည်ဖော်ဖို့က တအားကို ခက်ခဲတယ်။ ကိုယ်တွေအလှည့်ကျရင်လည်း အခြေအနေနဲ့ အချိန်အခါက ရှိနေသေးတော့နန်းမြတ်ကိုတကယ်အားကျတယ်။ ကိုယ့်အလှည့်ကျ ရင် လည်း ဒီလိုလုပ်ချင်ပါတယ် ဒါပေမယ့် ကုန်ကျစာရိတ်တွေနဲ့ ဘယ်လိုလုပ်ရမလဲ မသိဘူး'' လို့ အေးမြတ်သူက ပြောပါတယ်။

play

 

သရုပ်ဆောင်အေးမြတ်သူအနေ နဲ့ သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ၃၅ နှစ်ကျော်ရင်တော့ အိမ်ထောင်ပြုဖို့ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ လည်း ဇာတ်လမ်းတွဲ တစ်ကားရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။

Photo: အေးမြတ်သူဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD