AD
AD
AD

သရုပ်ဆောင်မေပန်းချီကတော့ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပြီး ပရိသတ်အားပေးလက်ခံလာတဲ့ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့အနေနဲ့ အနုပညာနဲ့ပတ်သက်လို့ ထိပ်ဆုံးထိရောက် ချင်တဲ့ ဆန္ဒကိုလည်း Duwun Media ကနေ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

play

 

'' ပန်းချီ အခုလက်ရှိမှာ စိတ်ကြီးဝင်နေသောမိန်းမ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာရာဇဝင်ကိုနဲ့ ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း အခုချိန်မှာ ဘာခံစားချက်မှ မရှိတဲ့အတွက် ပြောစရာမရှိသေးပါဘူး။ အဲ့ဒီဇာတ်ကားထဲမှာ ကာရိုက်တာကတော့ မင်းသမီးပေါ့နော် တစ်ယောက်နဲ့တစ်ယောက် ချေပြီး ပြိုင်ကြတာပါပဲ။ ဒီဇာတ်ကားမှာက ကိုရာဇဝင်ကိုနဲ့ ပထမဆုံး ဆုံဖြစ်တဲ့ ဇာတ်ကား ပေါ့နော် ဇာတ်ဝင်ခန်းကလည်း အရမ်းမများဘူး ၅ ခန်းဆို၊ ဆိုသလောက်ထိထိရောက်ရောက်လေးတော့ရှိပါတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ အကောင်းဆုံး သိပ်မလုပ်ပြနိုင်ခဲ့ဘူးလို့တော့ ထင်ပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေရိုက်နေရတဲ့ မေပန်းချီအနေနဲ့ ကိုယ်ရိုက်ချင်တဲ့ကာရိုက်တာရိုက်ဖို့ဆိုတာ ကိုယ်တိုင်က ပရိုဂျူဆာ မင်းသမီးမဟုတ်တဲ့အတွက် လာကမ်းလှမ်းမှသာ ရိုက်ခွင့်ရတာပါလို့ သူက ဆိုပါတယ်။

 

'' အဲ့ဒါကတော့ ကိုယ်ကိုတိုင်က ပရိုဂျူဆာ မင်းသမီးမဟုတ်တဲ့အတွက် သူတို့လာပြီးတော့ ချိတ်မှသာ ရိုက်ခွင့်ရတာလေ အဲ့ဒါကြောင့်မို့လို့ သူတို့လာချိတ်တဲ့အခါမှသာအကောင်းဆုံးလုပ်ပြခွင့်ရမှာပါ ဒီအတိုင်းကတော့ ကိုယ်ကကိုယ်တိုင် ထုတ်ရိုက်ဖို့ အစီအစဉ်မရှိသေးတဲ့အတွက် မရိုက်ဖြစ်သေးပါဘူး။ အခုထိကတော့ အခွင့်အရေး အပြည့်အဝမရသေးဘူး ဒါရိုက်တာခိုင်းသလောက်ပဲ လုပ်ပြခွင့်ရသေးတယ်၊ ကိုယ်လိုချင် တာ တော့ ထိပ်ဆုံးကိုရောက်ချင်တာပေါ့နော် အခွင့်အရေးမရသေးပါဘူး'' လို့ မေပန်းချီက ပြောပါတယ်။

play

 

သရုပ်ဆောင်မေပန်းချီကတော့ ဒါရိုက်တာရာဇဝင်ကို အတူ စိတ်ကြီးဝင်နေတဲ့ မိန်းမ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် မြတ်သူကျော်၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီ တို့နဲ့ အတူ ပါဝင် ရိုက်ကူးနေတာဖြစ်ပြီး နောက်ထပ်လည်း ဒါရိုက်တာရာဇဝင်ကိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဆက်ရိုက်ဖို့ ရှိသေးတယ်လို့ သိရပါတယ်။

Photo: မေပန်းချီဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD