AD
AD
AD

Facebook စာမျက်နှာပေါ်ကနေ ဓာတ်ပုံလှလှလေးတွေ တင်လေ့ရှိတဲ့ ပြည့်ဝတီမောင်ကတော့ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေ သိပ် မလုပ်ဖြစ်တာကြောင့် အလှပုံလေးတွေရိုက်ဖို့ ယုံကြည်ချက် လျော့သွားတယ်ဆိုတာကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အခုနောက်ပိုင်း ဓာတ်ပုံရိုက်လို့ ပြုံးရင်တောင် ကိုယ့်ကိုယ်ကို Confidence မရှိတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်ကိုယ်ကို ပိန်သွားတယ်လို့ ခံစားရတယ် အရင်တုန်းက ဆိုရင် မျက်နှာ ပြည့်ပြည့်လေးနဲ့ ပြုံးလိုက်ပြီဆိုရင် ချစ်စရာကောင်းတယ်လို့ ကိုယ့်ကိုယ်ကို ထင်တယ်။ ဒါပေမယ့် အခုကြားမှာ ဓာတ်ပုံမရိုက်တာလည်း ကြာသွားပြီ နယ်ပြန်ပြီးတော့ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်တွေ၊ ကားလိုင်စင် တွေ သွားလုပ်တာ ရက် ၂၀ လောက် ကြာသွားတယ်၊ အနုပညာအလုပ်တွေလည်း သိပ်မလုပ်လိုက်ရတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျော့သွားတယ်'' လို့ ဆိုပါတယ်။

play

 

ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ ပြည့်ဝတီမောင်က Selfie ရိုက်တာကိုတော့ ဝါသနာမပါဘူးတဲ့၊ ဘာကြောင့်လဲဆိုတော့ သူ့မျက်နှာက V ပုံစံ ဖြစ်နေတဲ့အတွက်ကြောင်လို့ Duwun Media ကနေ ဖွင့်ဟပြောပြခဲ့ပါတယ်။

'' ညီမရဲ့ မျက်နှာက အော်ရဂျင်နယ် V ကြီးဖြစ်နေတဲ့အခါကျတော့ မျက်နှာကြီးက ချွန်ချွန်ကြီးလိုလိုပေါ့၊ သူများတွေကတော့ V Shap ကို ကြိုက်တယ်လို့ပြောကြတယ် ဒါပေမယ့် ညီမကတော့ ကိုယ့်ကိုယ်ကို မကြိုက်ဘူးပေါ့နော်။ ကိုယ့်ကိုယ်ကို ဘာကြီးနဲ့ တူလို့ တူမှန်း မသိဘူး။ တစ်ခါ တစ်ခါ ရိုက်ပြီးဆိုရင်လည်း ဓာတ်ပုံက ၁၀၀ ကျော် ၂၀၀ လောက်မှာရှိတယ်။ အဲ့ဒီထဲကမှ ကောင်းတဲ့ပုံဆို ၂ ပုံ ၃ ပုံလောက်ထွက်တာ ပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ်လှတဲ့ပုံလေးတွေပဲ အမြဲတင်ပေးရမှာကိုး၊ အဲ့ဒါမှ ကိုယ့်ကို ချစ်တဲ့သူတွေက စိတ်မပျက်မှာလေ'' လို့ သူက ဆိုပါတယ်။

play

 

ပြည့်ဝတီမောင်ကတော့ Miss Universe Magway2016 ပြိုင်ပွဲကနေ ကတဆင့် ၂၀၁၅- ၂၀၁၆ အကယ်ဒမီထူးချွန်ဆုပေးပွဲမှာလည်း ရွှေကြို မိန်းကလေးတစ်ယောက်အဖြစ်ပါဝင်ခွင့်ရခဲ့တဲ့နောက် အနုပညာလောကထဲကို တဖြည်းဖြည်းဝင်ရောက်လာတဲ့ အနုပညာရှင် အသစ် တစ်ယောက် လည်းဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ကြော်ငြာတွေ ၊ MTV တွေရိုက်ကူးနေရသလို ဗီဒီယိုဇာတ်ကား တွေ လည်း ရိုက်ကူးနေရတယ်လို့ဆိုပါတယ်။

photo: ပြည့်ဝတီမောင်ဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD