AD
AD
AD

Miss Now How 2017 အလှမယ်တစ်ဦးဖြစ်တဲ့ ယွန်းဝတ်လွှာအောင်ကတော့ ကိုယ်တိုင်က ရခိုင်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ ဒုက္ခရောက်နေတဲ့ ပြည်သူအတွက် အနုပညာကြေးက ရတဲ့ ငွေနဲ့ တစ်ဖက်တစ်လမ်းက ကူညီပေးဖြစ်တယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

play

 

'' ယွန်းတို့ရဲ့ ရခိုင်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ကိုညီမင်းခိုင်ဆီမှာ ယွန်းရတဲ့အနုပညာကြေးက ရတဲ့ငွေလေးနဲ့ တစ်ဖက်တစ်လမ်းက ပါဝင် ပြီးတော့ ကူညီပေးနေပါတယ်။ ယွန်း ရင်ထဲက ခံစားချက်ကိုပြောရမယ်ဆိုရင်တော့ တခြားဘာသာကိုလည်း မထိခိုက်ဘူး၊ ရခိုင်မှာဆိုရင် တချို့ မျိုးနွယ်စုတွေက ရှားလာပြီ ကိုယ်ကလည်း ရခိုင်လူမျိုးတစ်ယောက်ဖြစ်တဲ့အတွက် အဲ့ဒီလိုမျိုးတွေ မဖြစ်စေချင်ပါဘူး နိုင်ငံရေး အရမ်းအေးချမ်း စေချင်ပါတယ်။

play

 

ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေအတွက် ရခိုင်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ ယွန်းဝတ်လွှာအောင်ရဲ့ ရင်ထဲက စကားသံကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

 

''ဘယ်ဘာသာရေးမို့လို့ ဆိုပြီး ယွန်းမပြောလိုပါဘူး သူများဘာသာကိုလည်း မထိခိုက်ဘူး၊ ကိုယ့်ဘာသာကို ထိခိုက်လို့ပြောတာလည်း မဟုတ် ပါဘူး၊ အချင်းချင်း ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးနဲ့ နွေးနွေးထွေးထွေး ပြေပြေလည်လည်လေးကိုပဲ တွေ့ချင်ပါတယ်၊တိုင်းပြည်ကြီးလည်း ဒီ့ထက်မက အေးချမ်းပြီးတော့ အစစအရာရာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံပြီးတော့ အားလုံး အဆင်ပြေပြေပဲ ဖြစ်ရပါစေလို့ ဆုတောင်းပါတယ်။''

play

 

အလှမယ်ယွန်းဝတ်လွှာအောင်ကတော့ အခုလက်ရှိမှာ ဖက်ရှင်ပွဲတွေမှာလည်း ဒိုင်တစ်ယောက်အနေနဲ့ ပါဝင်နေရသူဖြစ်ပြီး မဂ္ဂဇင်းကာဗာတွေ နဲ့ အတူ ရခိုင်ပြက္ခဒိန်တွေလည်း ရိုက်ပေးနေရတယ်လို့ ဆိုပါတယ်။ နောက်ထပ်လည်း တီဗီကြော်ငြာတွေ၊ MTV တွေလည်း ရိုက်ကူးထားတယ် လို့ သိရပါတယ်။

Photo: ယွန်းဝတ်လွှာအောင်ဖေ့စ်ဘွတ်

See more

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD