AD
AD
AD

အမြွှာသားလေးနှစ်ယောက်ရဲ့ ဖေဖေဖြစ်တဲ့ အဆိုတော်၊ သရုပ်ဆောင်ဝေလျှံကတော့ သားလေးတွေကို ရက် ၁၀၀ ပြည့်မှပဲ နာမည်မှည့်တော့ မယ်လို့ဆိုပါတယ်။ အဲ့ဒီနောက် အမြွှာသားလေးနှစ်ယောက်ရဲ့ ထူးခြားတဲ့အချက်လေးတွေကိုလည်း Duwun media ကနေပြောပြခဲ့ပါသေး တယ်။

play

 

'' နာမည်ဆိုတာက သူတို့ဘဝလေးတွေအတွက် အညွှန့်တွေ၊ အတက်တွေရှိတယ် သူတို့အတွက်လည်း ကောင်းတဲ့နာမည်လေးတွေ ရွေးပေး ရမှာဖြစ်တဲ့အတွက် ရက် ၁၀၀ ပြည့်မှ ရွေးပေးမယ်။ ဒါပေမယ့် အိမ်ခေါ်နာမည်ကတော့ သူ့အမေကလည်း အင်္ဂလိပ်ကျောင်းထားရင် အင်္ဂလိပ် နာမည်လေးဖြစ်အောင်ဆိုပြီးတော့ အကြီးကို ဖရန့်စ် လေး၊ အငယ်ကို ထျန့်စ် လေးဆိုပြီးတော့ ပေးထားပါတယ်။ နှစ်ယောက်ဖြစ်တော့လည်း အမှန်အတိုင်းပြောရရင် နှစ်ယောက်စလုံးပြိုင်တူငိုရင် ငါတို့ ဘယ်လိုလုပ်ကြမလဲပေါ့နော် ဒါပေမယ့် တစ်ယောက်က ငိုနေရင် တစ်ယောက်က အိပ်နေတယ်၊ ပြီးရင် နောက်တစ်ယောက်အိပ်သွားပြီဆိုရင် တစ်ယောက်က ထငိုတယ်၊ အဖေ အမေကတော့ မနားရဘူး သူတို့ကတော့ နားရ တယ် ပေါ့'' လို့ သူကဆိုပါတယ်။

play

 

အမြွှာသားလေးတွေရဲ့ စိတ်နေစိတ်ထားတွေကိုလည်း အမှတ်တရအနေနဲ့ ပြောပြခဲ့ပါသေးတယ်။

'' အကြီးလေးက နည်းနည်းအေးတယ်၊ နို့ ဆာတာတွေဆိုရင်လည်း မအော်ဘူး။ အငယ်လေးကတော့ နည်းနည်းစိတ်ကြီးတယ် ဆာပြီဆိုတာနဲ့ ထပြီးတော့ အော်ချပစ်လိုက်တယ်။ အကြီးလေးက ကျွန်တော်နဲ့ တူတယ် အငယ်လေးကတော့ ဇနီးနဲ့ နည်းနည်းဆင်တယ် ဒါပေမယ့် မွေးပြီး ၁လ ကျော်တဲ့အချိန်မှာ အကြီးရော၊ အငယ်ရောက ရုပ်လေး နည်းနည်းဆင်လာသလိုပဲ'' လို့ ဝေလျှံက ပြောပါတယ်။

play

 

အဆိုတော်၊ သရုပ်ဆောင် ဝေလျှံနဲ့ သူ့ရဲ့ ဇနီးတို့ကတော့ အောက်တိုဘာလ ၂၂ ရက်နေ့က အမြွှာရင်သွေး သားရတနာလေးတွေကို ပိုင်ဆိုင် နိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ဝီလျှံက ဖခင်တစ်ယောက်ဖြစ်တဲ့အတွက် သားလေးတွေအတွက်ဆိုတဲ့ စိတ်နဲ့ အလုပ်တွေပိုလုပ်ချင် လာတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာပဲဖြစ်ပါတယ်။

Photo: ဝေလျှံဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD