AD
AD
AD

လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်တွေ မျှော်လင့်နေတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် သက်မွန်မြင့် ကတော့ ဒီဇာတ်ကားလေးကို သူကိုယ်တိုင်ကလည်း သဘောကျကြိုက်နှစ်သက်ပြီး ပရိသတ်တွေကိုလည်း ကြည့်စေချင်ပြီ ဆိုတာကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အဲ့ဒီ ဇာတ်ကားလေးကလည်း သက်မွန် သဘောကျတဲ့ဇာတ်ကားလေးပါ။ ကိုယ့်ကို မမြင်ဖူးတဲ့ ပုံစံလေးပေါ့နော်၊ မထင်မှတ်ထားတဲ့ ပုံစံ လေးလုပ်ရတာပေါ့။ အိုက်တင်လေးတွေကတော့ ပါးပါးလေးပေါ့ ပြီးတော့ သက်မွန်တို့ကို နည်းပြဆရာနဲ့ သေချာလေး သင်ပေးပြီးတော့မှ ဇာတ်ညွှန်းတွေ အကြောင်းကိုသေချာ ဆွေးနွေးကြတယ် လုံးဝကြေညှပ်နေပြီဆိုတော့မှ စရိုက်ကြတာဆိုတော့ ရိုက်ရတာ အရမ်းအဆင်ပြေတဲ့ ဇာတ်ကားလေးမှာ အကုန်လုံးဝိုင်းပြီးတော့ သေချာကြိုးစားထားတဲ့ ဇာတ်ကားလေးဆိုတော့ ရုံတင်ရက်မြန်မြန်ရစေချင်တယ်၊ ပရိသတ်တွေ လက်ထဲ မြန်မြန်ရောက်စေချင်ပါတယ်'' လို့ ဆိုပါတယ်။

play

 

သေချာ သင်ပြီးတော့သရုပ်ဆောင်ရတဲ့ဇာတ်ကားမှာ ပြောင်းလဲမှုတွေရှိပေမယ့် လေ့ကျင့်ခဲ့ရတဲ့ အတွေ့အကြုံတွေအပေါ် သဘောကျတဲ့ အကြောင်းကိုလည်း အခုလိုဖွင့်ဟပြောဆိုခဲ့ပါတယ်။

'' ပြောင်းလဲမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ လေ့ကျင့်ပေးတဲ့ ပုံစံက သက်မွန် နဲ့တော့လည်း နီးစပ်ပါတယ်။ ကိုယ်ကြိုက်တဲ့ ပုံစံ ၊ ကိုယ်သရုပ်ဆောင်တဲ့ ပုံစံလိုမျိုး နီးစပ်တယ်ဆိုတော့ လေ့ကျင့်ပေးတဲ့ အခါမှာ အခက်အခဲတော့ မရှိပါဘူး။ ဇာတ်ကောင်ရဲ့ စိတ်နဲ့ပဲ နေရတယ်၊ ဇာတ်ကောင်ရဲ့ ပုံစံအတိုင်းပဲနေရတယ်။ အိုက်တင်လုပ်တာမဟုတ်ပဲနဲ့ တကယ်ခံစားပြီးတော့ နေရတာ ဆိုတော့ သဘောကျပါ တယ်'' လို့ သက်မွန်မြင့်က ပြောပါတယ်။

play

 

ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးကို Central Base Productions က ထုတ်လုပ်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံမှ အနုပညာရှင်မင်းသား ဇဏ်ခီ၊ ထပ်ဆင့်အကယ်ဒမီသက်မွန်မြင့်၊ အောင်မြင့်မြတ်၊ အကယ်ဒမီမင်းဦး ၊ထိုင်းမင်းသမီး Kaew Korravee၊ ခြူးစစ်ဟန် နှင့်ကျော်ကိုကိုဝေ တို့ ပါဝင်သရုပ်ဆောင်ထားကြတယ်လို့ သိရပါတယ်။

Photo: သက်မွန်မြင့်ဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD