AD
AD
AD

သရုပ်ဆောင်အေးမြတ်သူကတော့ မနေ့က ဖြစ်သည် ရုပ်သံဇာတ်လမ်းတွဲအောင်မြင်မှုကြောင့် မနေ့ကဖြစ်သည်(၂) ရုပ်သံဇာတ်လမ်းတွဲ မှာ လည်း ပါဝင်သရုပ်ဆောင်သွားဖို့ရှိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဇာတ်လမ်းတွဲကတော့ရိုက်ရတယ် ရိုက်တိုင်းလည်း ပရိသတ်ကလက်ခံပြီး အားပေးကြတဲ့အတွက် ကိုယ့်ကို လာလာငှားကြတယ်။ ဒါလေး က တော့ အေးမြတ်သူ ထင်တယ် မနေ့ကဖြစ်သည် (၂) က အရင်ရဲ့အောင်မြင်မှုရော၊ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် ထပ်ပြီးတော့ ခက်ခက် ခိုင်နေရာကနေ ပါဝင်လာတယ်။ အောင်မြင်တဲ့ ဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်ခွင့်ရလို့ ပျော်ပါတယ်၊ ဇာတ်လမ်းတွဲရိုက်တာကတော့ အေးမြတ်သူအတွက်က အဆင်ပြေပါတယ် ရိုက်ထားတာကလည်း ၅ တွဲလောက်ရှိပြီ'' လို့ ဆိုပါတယ်။

play

 

ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အရင်ကထက်လုပ်ခွင့်ရတဲ့ ဇာတ်ရုပ်လေးတွေရိုက်ခွင့်ရလာပြီဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ခက်ခက်ခိုင် ဆိုတဲ့ ဒု-ရဲအုပ်နေရာက ပါဝင်သရုပ်ဆောင်ရမှာပါ။ တိုက်ချင်ခိုက်ချင် ချချင်တယ်ပေါ့။ ဇာတ်လမ်းရွေးချယ်ခွင့်ကတော့ အရင်က ထက်စာရင် ပိုရွေးချယ်ခွင့်ရလာပြီ အများကြီးတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပရိသတ်တွေချစ်ခင်အားပေးမှုကြောင့် ကိုယ့်ကို အရင်ထက် ပိုပြီးနေရာပေးတဲ့ ဇာတ်လေး လုပ်ခွင့်ရပါတယ်'' လို့ အေးမြတ်သူက ပြောပါတယ်။

play

 

သရုပ်ဆောင်အေးမြတ်သူအနေနဲ့ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေရိုက်ရတာထက် ဇာတ်လမ်းတွဲတွေ ရိုက်ခွင့်ရနေတာကလည်း ပရိသတ် တွေရဲ့ အားပေးမှုကြောင့်ပါလို့ ဆိုပါတယ်။

Photo: အေးမြတ်သူဖေ့စ်ဘုတ်

See more

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD