AD
AD
AD

မကြာခဏဆိုသလို အနုပညာရှင်တွေရဲ့ ဖေ့စ်ဘွတ်အကောင့်ခိုးယူခြင်းခံနေရတဲ့ သတင်းတွေအပေါ်သရုပ်ဆောင်မေပန်းချီကတော့ သူ့ရင်ထဲ မှာ ရှိတဲ့အတိုင်း Duwun Media ကနေ ဖွင့်ဟပြောပြခဲ့ပါတယ်။

play

 

'' ဟက်ကာတွေပေါ်လာတာ အမှန်အတိုင်းပြောရရင်တော့ မကောင်းဘူးပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ Chatbox ထဲမှာ ပြောချင်တာတွေ ပြောမှာပဲ သမီးရည်းစားတွေဆိုလည်း ဒီလိုပဲပေါ့။ အခုနောက်ပိုင်း ဟက်ကာတွေရှိလာပြီဆိုတော့ ကိုယ့်မှာ ပြောပြီး အကုန်Delet လုပ်ရတယ်။ ပန်းချီဆိုရင် ဖုန်းခဏခဏပျောက်တတ်တဲ့ ဖီလင်က ရှိတော့ ကိုယ့်ဖုန်းထဲမှာဆိုရင် ကိုယ်ရိုက်ချင်သလိုတွေရိုက်တာဆိုတော့ ဘာပဲဖြစ်ဖြစ် ကိုယ်ပိန်သွားတာဆိုရင်လည်း အတွင်းခံကြီးနဲ့ရိုက်တာက ရိုက်တာပဲလေလူဆိုတာ ကိုယ့်ရဲ့ လွတ်လပ်ပိုင်ခွင့်ပဲပေါ့ ဒါပေမယ့် ကိုယ်မထိန်းသိမ်း နိုင်လို့ ပျောက်သွားရင် ရင်ပူရတယ်။ ဖုန်းက ၂ လုံးပျောက်သွားပြီ ပုံတွေလည်း အများကြီးပါသွားတော့ စိုးရိမ်နေတယ်။ ဒါပေမယ့် Cele Cele Small မရှိတော့ကာမှ ဟက်ကာတွေ ထပ်ပေါ်လာတော့ ပိုဆိုးသွားတယ်'' လို့ သူကဆိုပါတယ်။

play

 

ပြည်သူချစ်တဲ့အနုပညာရှင်တွေအနေနဲ့ ဖေ့ဘုတ်အကောင့်ခိုးယူခံရရင်လည်း နစ်နာနိုင်မယ့် အရာတွေရှိလို့ မကောင်းဘူးဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ဟက်ကာတွေရှိလို့ ဟက်ကြပေမယ့် အခုခေတ်မှာ နည်းနည်းတော်သွားတာက ပရိသတ်တွေက ခေတ်မှီလာလို့ အရင်ခေတ်တုန်းက လိုမျိုးဆိုရင်တော့သွားပြီ ဒီလောကမှာရပ်တည်လို့ မရတော့တဲ့အနေအထားထိ ဖြစ်သွားမှာ။ အခုခေတ်ကျတော့ အင်တာနက်ခေတ်ကြီးမှာ သရုပ်ဆောင်တွေလည်း ဘဲရှိမှာပဲလေ သဘောသဘာဝ ဆိုပြီးတော့ထားပေမယ့် အဟက်ခံရတဲ့သူအတွက်လည်း မကောင်းဘူး ကိုယ်တွေက ပြည်သူချစ်တာကိုခံယူရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အတွက် အဖက်ဖက်က တွေးကြည့်ရင်တော့ မလုပ်တာအကောင်းဆုံးပဲပေါ့'' လို့ မေပန်းချီက ပြောပါတယ်။

play

 

သရုပ်ဆောင်မေပန်းချီရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ဒါရိုက်တာရာဇဝင်ကို အတူ စိတ်ကြီးဝင်နေတဲ့ မိန်းမ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် မြတ်သူကျော်၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီ တို့နဲ့ အတူ ပါဝင်ရိုက်ကူးနေတာဖြစ်ပြီး နောက်ထပ်လည်း ဒါရိုက်တာရာဇဝင်ကိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဆက်ရိုက်ဖို့ ရှိသေးတယ်လို့ သိရပါတယ်။

Photo: မေပန်းချီဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD