AD
AD
AD

ဂီတလောကမှာ ယနေ့ထိတိုင် အောင်မြင်မှုတွေရရှိနေပြီး ရော့ခ်ဂီတသမားတစ်ဦးဖြစ်တဲ့ အဆိုတော်ကြီး ဇော်ဝင်းထွဋ်ကတော့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ သူ့ရဲ့ The Journey လို့ အမည်ပေးထားတဲ့ အခွေကို EMD Excellent Music  Distribution က ထုတ်လုပ်ဖြန့်ချီသွားမယ်လို့ သိရပါ တယ်။ အမှတ်တရတွေ ပါဝင်မယ့် ဒီအခွေလေးအကြောင်းကိုလည်း အဆိုတော်ဇော်ဝင်းထွဋ်က Duwun Media ကနေ အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ဒီအခွေကို လုပ်နေတာ ၃ နှစ်လောက်ရှိသွားပြီပေါ့နော် အရင်တုန်းက တီးခဲ့တဲ့ သီချင်းလေးတွေကို သိမ်းထားရင်းနဲ့ ပြန်တီးဖြစ်ရင်း အပုဒ် ၄၀၊ ၅၀ လောက်ဖြစ်သွားတယ်။ ပထမကတော့ ၄ ချပ်တွဲထုတ်မလို့ပဲ ၄ ချပ်ဆိုရင်တော့ ဒီဘဝ မှာထွက်ချင်မှ ထွက်မှာဆိုတော့ အပုဒ် ၂၀ ပြီးတာနဲ့ ဒါလေးကို မြန်မြန်ထွက်ဖြစ်တာပေါ့။ အဓိက ကတော့ ပြန်ဆိုထားတယ်၊ ပြန်တီးထားတယ် ဒီဘက်ခေတ်မှာလည်း သီချင်းတွေကို ပြန်ဆို၊ ပြန်တီး ကြတာ သိပ်မရှိဘူး။ ကိုယ်ဆိုထားတာကလည်း နှစ်ပေါင်း ၂၀ ကျော်က သီချင်းတွေဖြစ်နေတာကို အဲ့ဒီတုန်းကလည်း စောနေသေးတာဆိုတော့ အခုနေပြန်ထုတ်ရင်တော့ ကိုယ်လည်းပိုင်ပိုင်နိုင်နိုင် ဖြစ်သွားတဲ့အချိန်မှာ ဒီသီချင်းတွေကို ပြန်သိမ်းမယ်။ အားလုံးရဲ့ ပိုင်တဲ့ အခွေလေး လည်း လုပ်ကြည့်တာပေါ့'' လို့ သူကဆိုပါတယ်။

play

 

သီချင်းတွေကို သီဆိုနေရပေမယ့် သီချင်းရေးသားဖို့ ဖီလင်ကတော့ သိပ်မလွယ်တော့ဘူးလို့ ဆိုပါတယ်။

'' မင်းချစ်သူနဲ့ ကျွန်တော်နဲ့ ပေါင်းရေးထားတဲ့ သီချင်းတွေလို့ပြောလို့ရတာပေါ့။ Music တွေကတော့ ကျွန်တော်တို့လုပ်တယ်။ တချို့သီချင်းတွေ ကိုလည်း ပေါင်းရေးတဲ့အခါရေးတာပေါ့။ သီချင်းတွေဆိုနေပေမယ့် သီချင်းရေးဖို့ဆိုတာက အသက်အရွယ်နဲ့  ဖီလင်နဲ့ရေးရတာဆိုတော့ ဒါမျိုး တွေ ကျွန်တော်တို့ ထပ်ပြီိးတော့ ရေးနိုင်ဖို့ သိပ်မလွယ်တော့တဲ့အတွက် အမှတ်တရအနေပြန်လုပ်ဖြစ်တာပေါ့'' လို့ Duwun media ကနေပြောပြ ခဲ့ပါတယ်။

play

 

The Journey အခွေထဲမှာလည်း ကိုယ်တိုင်ဖန်တီးထားတဲ့ သီချင်းတွေကိုပဲ ပါဝင်ထားတာဖြစ်ပြီး အရင်တုန်းက သီချင်းစာသားတွေ လို မဟုတ် တော့ပဲ ကိုယ်ပိုင်အိုင်ဒီယာမျိုးနဲ့ ရေးတဲ့ သီချင်းပုံစံကို အဓိကထားရွေးချယ်ဖြစ်တယ်လို့ ဆိုပါတယ်။ အခွေထွက်ရှိတဲ့ အထိမ်းအမှတ်အနေနဲ့ သူ့ရဲ့ ပရိသတ်တွေအတွက် တီရှပ် အကျီင်္ ၊ ခေါင်းစည်းကြိုးတွေ ရိုက်ထားတယ်လို့ သိရပါတယ်။ ပရိသတ်တွေအပေါ် တင်နေတဲ့အကြွေးရှိသေး တာကြောင့် သူတို့နဲ့အတူ အားရပါးရ သီဆိုဖျော်ဖြေမယ့် ပွဲတစ်ပွဲလုပ်မယ်လို့ အဆိုတော်ကြီး ဇော်ဝင်းထွဋ်က ပြောပါတယ်။

Photo: ဇော်ဝင်းထွဋ်ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD