AD
AD
AD

ဂီတကို ဝါသနာပါရုံတင်မကပဲ အနုပညာနဲ့ပတ်သက်တဲ့ ပန်းချီပညာကိုပါ ဝါသနာပါသူတစ်ယောက်ဖြစ်တဲ့ အဆိုတော်ကြီး ဇော်ဝင်းထွဋ်ကတော့ သူကိုယ်တိုင်ကလည်း ပန်းချီကို အမြဲတမ်းဆွဲဖြစ်တဲ့ အကြောင်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ပန်းချီဆွဲတယ်ဆိုတာကလည်း ကိုယ့်ကိုယ်ကို Expand လုပ်တာပေါ့နော်။ အရင်တုန်းကလည်း ပန်းချီကိုတော်တော်ဆွဲတယ် လူတွေသာ သိပ် မတွေ့တာ ကိုယ့်ဘာသာကိုယ်ကတော့ ဆွဲတယ်။ အခုကျတော့ ပိုပြီးတော့ လွတ်လွတ်လပ်လပ်ပဲ စိတ်ကူးထဲမှာလည်း ဆွဲနေတာပဲ။ မျက်စိထဲမှာရော ပန်းချီကားလေးတွေ ဆွဲတယ်။ သောင်ပြင်ပေါ်မှာလည်း ဖြစ်ရင်ဖြစ်သွားနိုင်တယ်'' လို့ သူကဆိုပါတယ်။

play

 

ပန်းချီကို ဝါသနာပါတဲ့အဆိုတော်ကြီး ဇော်ဝင်းထွဋ်ကတော့ တစ်ခါတစ်ရံမှာလည်း သူ့ရဲ့ လတ်လတ်ဆတ်ဆတ် ပန်းချီကားချပ်လေးတွေကို ပြချင်စိတ်ရှိတဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။

'' ပြပွဲကျတော့လည်း အိုင်ဒီယာတစ်ခုခုရလို့ ကောက်ခြစ်ပြီးတော့ ပြလိုက်တာမျိုးကိုတော့ တစ်ခါတစ်ရံလုပ်ချင်စိတ်ပေါ်တယ်။ ဒါပေမယ့် ပန်းချီ ကားတွေ ဆွဲပြီးစုထားပြီး Solo Show ပြရင်လည်း အဲ့ဒါကျတော့ Theme မရှိတော့ အဲ့ဒီလိုလည်းအဆင်မပြေဘူး။ ကိုယ်မရှိတော့ သေသွားမှ သူများတွေက စုပြီးပြရင်တော့ တစ်မျိုးပေါ့နော် ကျွန်တော်စဉ်းစားထားတယ် တစ်နေရာလောက်ခရီးထွက်ပြီးတော့ စက္ကူတွေ၊ ကပ်ကြေးတွေ ယူသွားပြီး ကိုယ့်ဘာသာကိုယ်ထိုင်ဆွဲနေ  ပြန်လာတော့ ပါလာတဲ့ ပန်းချီလတ်လတ်ဆတ်ဆတ်လေးတွေကိုတော့ ပြချင်စိတ်ရှိတယ်'' လို့ ဆိုပါ တယ်။

play

 

အနုပညာနဲ့ပတ်သက်လို့ ပန်းချီအနုပညာကိုလည်း ဝါသနာပါတဲ့ ဇော်ဝင်းထွဋ်ကတော့ ပန်းချီနဲ့ပတ်သက်တဲ့ သူ့ရဲ့ခံစားချက်တွေကို ပြောပြခဲ့ တာ ဖြစ်ပါတယ်။ ဂီတလှုပ်ရှားမှုအနေနဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က သူ့ရဲ့ The Journey လို့ အမည်ပေးထားတဲ့ အခွေကို EMD Excellent Music  Distribution က ထုတ်လုပ်ဖြန့်ချီခဲ့တယ်လို့ သိရပါတယ်။

Photo: ဇော်ဝင်းထွဋ်ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD