AD
AD
AD

သရုပ်ဆောင်မေပန်းချီကတော့ ယောက်ျားလေးဆိုရင် ချောနေတာမကြိုက်ဘူးလို့ ဆိုပါတယ်။ ယောက်ျားပီပီသသ နဲ့ ကြင်ကြင်နာနာမျိုး ဆိုရင် တော့ အဆင်ပြေတယ်ဆိုတာကို Duwun Media ကနေ ဖွင့်ဟပြောပြခဲ့ပါတယ်။

play

 

'' အဓိက ကတော့ ယောက်ျားလေးဆိုတာ အရမ်းချောနေရင်သဘောမကျဘူး ယောက်ျားပီပီသသ ကိုယ့်အပေါ် ကြင်ကြင်နာနာနဲ့ နားလည်မှု ပေါ့။ အနုပညာသမားတွေက သိတဲ့အတိုင်းပဲ အထင်လွဲတာတွေ၊ အိမ်ထောင်ကွဲတာတွေလည်းအများကြီးပဲ အရမ်းကြီး စိစစ်ရင်လည်း ညားမှာမဟုတ်တော့လည်း ဘာကြောင့်လဲဆိုတော့ လူတိုင်းက Perfect  ဖြစ်မှာ မဟုတ်ဘူး။ အဲ့ဒီတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင် တဲ့အတိုင်းအတာ ဆိုရင်တော့ အဆင်ပြေပါတယ်'' လို့ သူကဆိုပါတယ်။

play

 

အချစ်ရေးနဲ့ ပတ်သက်လာရင်လည်း သူဟာ ကံကောင်းသူ မဟုတ်ဘူးဆိုတာကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' မိဘတွေကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ကန့်ကွက်ထားတာမျိုးတော့မရှိဘူး။ ကိုယ်ကြိုက်တာ ကိုယ်ယူ ကိုယ်ဖြစ် ကိုယ်ခံပဲပေါ့ ။ ကျန်တဲ့အရာတွေသာ ချုပ်ချယ်ရင် ချုပ်ချယ်မယ် အချစ်ရေးနဲ့ပတ်သက်ပြီးတော့ မချုပ်ချယ်ထားဘူး။ အချစ်ရေးနဲ့ပတ်သက်လာရင်တော့ ကံဆိုးတဲ့သူပါ။ အချစ်အတွက် ကံမကောင်းခဲ့သူပေါ့'' လို့ မေပန်းချီက ပြောပါတယ်။

play

 

သရုပ်ဆောင်မေပန်းချီကတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ဒါရိုက်တာရာဇဝင်ကို နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ အနုပညာအလုပ်တွေကိုလည်း ကြိုးစားဆောင်ရွက်နေသလို ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ဂျင်းဖက်ရှင်ဆိုင်ကိုလည်း ဦးစီးလုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Photo: မေပန်းချီဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD