AD
AD
AD

အဆိုတော်ချမ်းချမ်းကတော့ သူတို့ရဲ့အိမ်ထောင်ရေးအဆင်မပြေမှုတွေကြောင့် သမီးလေးမြမိုးဂင်္ဂါ ရဲ့ ရင်ထဲမှာ ခံစားနေရတဲ့ ခံစားချက်တွေအကြောင်းကိုလည်း Duwun media ကနေ အခုလိုပြောပြခဲ့ပါတယ်။

play

 

''သူ့ခံစားချက်လေးက လူကြီးလေးနဲ့တူတယ်။ သူငယ်ငယ်လေးကတည်းကလည်း အစ်မက ခရီးတွေထွက်ပြီးတော့ အလုပ်တွေလုပ်ရတဲ့အတွက် အဘိုးတွေ၊ အဘွားတွေနဲ့ပဲ ကြီးပြင်းလာရတာဆိုတော့ လူကြီးလေးဆန်တယ်။ အမေနဲ့ အဖေကိုလည်း ပြန်နှစ်သိမ့်ပေးတတ်တယ်။ မေမေနဲ့ဖေဖေ ရန်မဖြစ်နဲ့တော့နော် သမီးစိတ်ညစ်လာပြီ။ ကောင်းလည်းမကောင်းဘူး ဒါတွေက ဖေဖေ ဘယ်တော့ပြန်လာမှာလဲ၊ မေမေက ဘယ်သွားမှာလည်း သမီးကို မထားခဲ့နဲ့ ဆိုပြီးပြောတော့ သူ့ရဲ့ စိတ်ခံစားချက်လေးတွေကို  အစ်မတို့က ရိပ်မိလာတဲ့အခါကျတော့ လွယ်လွယ်ဆုံးဖြတ်ဖို့ထက် ညှိနှိုင်းဖို့ ကြိုးစားခဲ့တယ်'' လို့ ဆိုပါတယ်။

play

 

ခင်ပွန်းအနေနဲ့ အမှန်တရားကို သိမြင်လာတဲ့နေ့ကျရင်လည်း ပြန်လာမယ့် အချိန်ကို ယုံကြည်တယ်ဆိုတာကိုလည်း ရင်ဖွင့်ပြောပြခဲ့ပါသေး တယ်။

'' ပေါင်းခြင်း မပေါင်းခြင်းထက် ရိုးသားမှု ၊ သစ္စာရှိမှု ရှိလာတဲ့ တစ်နေ့ကတော့ သမီးလေးအတွက်ပျော်စရာအကောင်းဆုံးနေ့လေးပေါ့။ အိမ်ထောင်တစ်ခု မှာ ဇနီးသည်တစ်ယောက်အနေနဲ့ လွယ်လွယ်ခွင့်လွှတ်လိုက်လို့ရတဲ့ အရာမျိုးဆိုရင်တော့ အစ်မ တရားဥပဒေ အရဆုံးဖြတ် နေမှာမဟုတ်ဘူး။အမှန်တရားဆိုတာလည်း ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်တဲ့အတွက် ဒီအမှန်တရားကို သူမြင်လာတဲ့နေ့ကျရင် အစ်မ တို့မိသားစုဆီသူပြန်လာမယ်လို့ အစ်မယုံကြည်တယ်'' လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ဟာ ၂၀၁၃ခုနှစ် ဇူလိုင်(၁၇)ရက်နေ့က လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး ရန်ကုန်မြို့ Saint Mary's Cathedral မှာ မင်္ဂလာ လက်ထပ်ပွဲကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ထောင်သက် ၄ နှစ်မြောက်ရှိပြီး ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ မှာ ခင်ပွန်း ဖြစ်သူ ဘုဏ်းသိုက်နဲ့ တရားဝင်ကွာရှင်းလိုက်ပြီဆိုတာကို ကြေညာခဲ့တာဖြစ်ပါတယ်။

Photo: ချမ်းချမ်းဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD