AD
AD
AD

ဆရာကြီးဒေါက်တာခင်မောင်ဝင်းရဲ့ ဇနီးသည် ဒေါက်တာခင်လေးရီ နေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဝတ်မှုံရွှေရည်ကတော့ ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီးကို ပြန်ကြည့်လိုက်တဲ့အခါ သရုပ်ဆောင်မေသန်းနုရဲ့ သရုပ်ဆောင်မှုတွေအပေါ် ဟက်ထိသွားတယ်လို့ Duwun media ကနေ ဝန်ခံပြောပြခဲ့ပါတယ်။

play

 

'' ကိုယ်လည်း အမေရှိတော့ အမေနဲ့ပတ်သက်ပြီး ပြန်ကြည့်လိုက်တဲ့အခါမှာ ခံစားရတာပေါ့နော်။ ဟက်ထိတာပေါ့။ တစ်ကားလုံးကြည့်ရမယ် ဆိုရင် ဇာတ်ကားလေးကတော့ ဒီဘက်ခေတ်မှာ ဒီလိုဇာတ်ကားမျိုးလေးရိုက်ထားတာမျိုးတွေ မရှိသေးဘူး ပြီးတော့ ဇာတ်လမ်းအနေနဲ့ကလည်း အမေတွေက သားသမီးတွေအပေါ်မှာ ပေးဆပ်ပြီးတော့ အများကြီးလုပ်ပေးခဲ့တာမျိုးတွေဆိုတော့ ထူးခြားတဲ့ ဇာတ်ကားအနေနဲ့တော့ ကွဲထွက်တာပေါ့'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်မေသန်းနုရဲ့ ဇာတ်ရုပ်အပေါ်မှာလည်း အရမ်းကောင်းတယ်လို့ သုံးသပ်ပြောပြခဲ့ပါသေးတယ်။

'' အမေတစ်ယောက်အနေနဲ့ အန်တီဆင့်က အရမ်းကောင်းပါတယ်။ ဒီဇာတ်ကားထဲမှာ အန်တီဆင့်ရဲ့ သားသမီးအပေါ်ထားတဲ့စိတ်ပေါ့ သူအရမ်းချစ်ပြီးတော့ သားသမီးအပေါ် လုပ်ပေးတာမျိုး၊ အန်တီဆင့်ကို မြင်လိုက်ရတဲ့အချိန်မှာလည်း ဆရာကြီး ဦးခင်မောင်ဝင်းရဲ့ အမေကို ပြန်ပြီးတော့ မြင်ယောင်မိတာမျိုးပေါ့နော်'' လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

play

 

သရုပ်ဆောင်အကယ်ဒမီ ဝတ်မှုံရွှေရည်ကတော့ ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး နောက်ထပ်လည်း ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတယ်လို့ ဆိုပါတယ်။ မကြာခင်ကပဲ လိပ်ပြာစံအိမ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးခဲ့တယ် လို့ သိရပါတယ်။

Photo: ဝတ်မှုံရွှေရည်ဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD