AD
AD
AD

နာမည်ကျော်ဂန္တဝင်အဆိုတော်ကြီးများ ပါဝင်သီဆိုဖျော်ဖြေသွားမယ့် ရွှေအိုရောင် ဂီတည ဖျော်ဖြေပွဲကို ဒီိဇင်ဘာလ ၁၃ ရက်နေ့ ည အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး အဆိုတော်ကြီးများကလည်း သူတို့ရဲ့ ရင်ခုန်သံတွေကို Duwun media ကနေတဆင့်ပြောပြခဲ့ပါတယ်။

play

 

စိုးပိုင်

________

အဲ့ဒီညမှာတော့ ဦးရဲ့ အောင်မြင်တဲ့ သီချင်းတွေထဲက သီချင်း ၆ ပုဒ်ကို ရွေးချယ်သီဆိုပါမယ်။ ပရိသတ်တွေအမြဲနားထောင်နေကြ သူတို့ကြိုက် တဲ့ သီချင်းတွေပါပဲ။ ရင်တော့ မခုန်ပါဘူး ဦးက ပျော်နေတာပဲ သိတယ်။

play

 

ဘိုဘိုဟန်

__________

လွန်ခဲ့တဲ့ နှစ် ၄၀ က သီချင်းတွေပေါ့နော်။ စတူဒီယိုစပေါ်တုန်းက သီချင်းတွေ၊ ဦးရဲ့ အောင်မြင်ကျော်ကြားတဲ့ သီချင်း ၅ ပုဒ်ရွေးထားတယ်။ သီချင်းလေးတွေကတော့ တေးရေးဆရာ ၃ ယောက်ရဲ့ သီချင်းလေးတွေပေါ့နော် ဒီနေ့ပုဏ္ဏက သီချင်းလေး ၂ ပုဒ်ရွေးထားတယ်၊ ပုသိမ် မောင်စိမ်းသူ သီချင်း ၂ ပုဒ်ရွေးထားတယ်။ မောင်မောင်ခင်အောင် ရဲ့ သီချင်းလေးတွေတော့ ရွေးထားတယ်။

play

 

ဂျက်မြသောင်း

_____________

သီချင်းကတော့ ကျွန်တော်အောင်မြင်ခဲ့တဲ့ သီချင်းတွေဆိုမယ်။ သီချင်းပုံစံလေးတွေကိုတော့ ပြောင်းမယ်။ ဒီအတိုင်းပဲ ကျွန်တော့်သီချင်း နားထောင်ဖူးတဲ့သူတွေက အခွေထဲက အတိုင်းပဲ ဆိုမယ်၊ အခွေထဲက အတိုင်းပဲ တီးမယ်ဆိုရင်တော့သိပ်မထူးဘူးလေ။ ဒီပွဲကိုလာကြည့်တဲ့ သူတွေလည်း အရသာရှိအောင် သီချင်းပုံစံကို နည်းနည်းလေးပြောင်းထားပါတယ်။

play

 

စိန်ဝင်းထွန်း

_______________

ကျွန်တော်ကတော့ လွန်ခဲ့တဲ့ နှစ် ၅၀ ပေါ့ ကျွန်တော် သီချင်းစ ဆိုကတည်းက သီချင်းမြူးမြူးလေးတွေပဲ ဆိုတတ်တယ်။ ၂၃ ရက်နေ့မှာတော့ ကျွန်တော်တို့ စတူဒီယိုခေတ်က သူငယ်ချင်းတွေ အကုန်လုံးပြန်ဆုံမယ့် ပွဲဆိုတော့လည်း ကျွန်တော်အရမ်းဝမ်းသာတယ်။ ဟိုးအရင်တုန်းက ပရိသတ်တွေနဲ့ ပြန်ဆုံရင်လည်း အရမ်းဝမ်းသာပါတယ်။

play

 

ခင်မောင်ထူး

____________

ဦးရဲ့ တေးရေးဆရာမောင်သစ်မင်းရေးတဲ့ ဇာတ်တော်ထဲမှာလွမ်းဆုံ၊ သုခမိန်လှိုင်ရေးတဲ့ ရွှေမန်းသူလေး၊ ညွှန့်ဝင်းသန်းရေးတဲ့ မောင်ခေါ်ရာ လိုက်မှာလား၊ ပြီးတော့ သူပဲရေးတဲ့ အချစ်အယူခံ၊ ကိုသက်မှူးရေးတဲ့ စက်ခေါင်းအမှတ် 009၊ ကိုဂျေမောင်မောင် ရေးတဲ့ မျှော်တော်ယောင် အဲ့ဒီ သီချင်း ၆ ပုဒ် ရွေးဆိုမယ်လို့ ရည်ရွယ်ထားပါတယ်။

play

 

ရွှေအိုရောင် ဂီတည ဖျော်ဖြေပွဲကြီးကိုတော့ FRIENDS 7 Music Band နဲ့ အတူ ဗစ်တာခင်ညို၊ စိုးပိုင် ၊ ဘိုဘိုဟန်၊ စိန်ဝင်းထွန်း၊ ကံ့ကော်တော မျိုးအောင်၊ စိုင်းဆိုင်မောဝ်၊ ခင်မောင်ထူး၊ ဂျေမောင်မောင်၊ ဂျက်မြသောင်းတို့က ပါဝင်သီဆိုသွားမယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲအတွက် လက်မှတ်တွေကို မန်းသီရိတေးသံသွင်း Tel:01252903 ၊ SNW Music Tel:09450038049 ၊ 1876 Call Center များတွင် ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD