AD
AD
AD

ကိုပေါရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့မနက်ပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကြီးထဲမှာ ပါဝင်ထားကြတဲ့ အနုပညာရှင်တွေကလည်း အမှတ်တရစကားသံတွေကို Duwun media ကနေ အခုလိုပြောပြခဲ့ ပါတယ်။

play

 

ကိုမျိုးမြင့်အောင်(ထုတ်လုပ်သူ)

__________________________

ပရိသတ်ရင်ခွင်ထဲကို ရောက်စေချင်တဲ့ ဆန္ဒနဲ့ ရုပ်ရှင်အစည်းအရုံးမှာ စီစဉ်ပြီးတော့ မီဒီယာတွေကနေတဆင့် သိခွင့်ပေးစေချင်ပါတယ်။ ရုံရှင်များလည်း သိစေချင်ပါတယ်။

play

 

ဒါရိုက်တာ နန္ဒကျော်

_______________

ဒီဇာတ်ကားလေးကိုတော့ ၁၀၀ ရာခိုင်နှုန်းကြိုးစားအားထုတ်မှု အပြည့်နဲ့လုပ်ထားတာပါ။ ကောင်မလေးကိုယ်တိုင်ကလည်း လာတောင်းခိုင်း တာမဟုတ်ဘူး တခြားတစ်ယောက်က ဘေးကနေ လှော်လိုက်တဲ့ပုံစံမျိုးနဲ့သွားထားတယ်။ ကိုပေါသီချင်းကိုလည်း အရင်သီချင်းမသုံးတော့ပဲ ဗားရှင်းပြောင်းလိုက်မယ်ဆိုပြီး ကြိုတင်ပြင်ဆင်ပြီးမှ ဒီဇာတ်ကားလေးရိုက်ဖြစ်တာပါ။

play

 

စည်သူပလပ်ကျွတ်

________________

ကျွန်တော်တို့က ဇာတ်လမ်း ဇာတ်အိမ်လေးကို တန်းဝင်တယ်ဆိုတဲ့အကြောင်းလေးရယ်၊ မင်းသားအားနည်းတယ်ဆိုပေမယ့် အကောင်းမွန်ဆုံး ပုံဖော်ထားတယ်ဆိုတာကို ပြချင်တာ။ စည်သူပလပ်ကျွတ်ဆိုတာနဲ့ အဆင်မပြေဘူးလေ ဒါကြောင့် ဇာတ်ကားလေးကို မီဒီယာတွေကနေတဆင့် အပ်ချင်တာပါ။ လာကြည့်ကြတဲ့ ပရိုဂျူဆာတွေကလည်း ချီးကျူးကြတဲ့အတွက် အရမ်းပျော်ပါတယ်။

play

 

မင်းရာဇာ

___________

ကိုပေါ ကားဆိုတာထက် အနုပညာကို နောက်ဖြစ်လာမယ့် ကြယ်ပွင့်တွေကို လာပြီးအားပေးတဲ့ သဘောပါ။ အစ်ကိုတို့တွေရဲ့ စီနီယာတွေ လက်ရှိနာမည်ကြီးနေတဲ့လူတွေတင်မကပဲ နောက်ထပ် အသစ် အသစ်တွေဆိုတာလည်း ပေါ်လာနေဦးမှာပဲ အဲ့ဒီအတွက်ကိုလာပြီး ခွန်အား ပေးတဲ့ သဘောပါ။

play

 

ဝါဝါအောင်

___________________

အန်တီဝါကတော့ မင်းသမီးရဲ့အမေနေရာကနေ ဇာတ်ကိုဖြည့်ပြီးတော့ ပါဝင်ရတာပါ။ ဒါပေမယ့်လည်း ကိုယ်လုပ်ခွင့်ရတဲ့နေရာကို ကိုယ်ကိုယ် တိုင် ကျေနပ်ပါတယ်။ ဟာသ သရုပ်ဆောင်တစ်ယောက်က ဒီလိုဇာတ်ကားမျိုးမှာ မျက်ရည်ပေါက်တွေကျအောင် သရုပ်ဆောင် နိုင်ခဲ့တာ ကိုလည်း ချီးကျူးပါတယ်။

play

 

ကိုပေါရုပ်ရှင်ဇာတ်ကားကိုတော့ သမန်းကျားရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ နန္ဒကျော်ရိုက်ကူးတဲ့ ဇာတ်ကားကောင်ဒ တစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် စည်သူပလပ်ကျွတ်၊ စံရတီမိုးမြင့်၊ အကယ်ဒမီခင်စိုးပိုင်၊ ဝါဝါအောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး ကိုပေါရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ဖို့ ရက် မသတ်မှတ်ရသေးဘူးလို့ ထုတ်လုပ်သူ ကိုမျိုးမြင့်အောင် က ဆိုပါတယ်။

Photo: Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD