AD
AD
AD

သရုပ်ဆောင် နန်းခင်ဇေယျာကတော့ မကြာခင်ကမှ ခရီးသွားအစီအစဉ်တစ်ခုဖြစ်တဲ့ ကယားပြည်နယ်အတွင်းက ကယောမြို့လေးကိုအနုပညာ မောင်နှမတွေနဲ့ အတူ သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီခရီးစဉ်လေးနဲ့ ပတ်သက်ပြီးတော့ အမှတ်တရစကားသံလေးတွေ ကို လည်း Duwun Media ကနေ အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ကယားပြည်နယ် လွိုင်ကော်ဘက် ဆင်ဖြူတောင်ဘက်မှာ ရှိတဲ့ ကယောဒေသမှာ Adventure Trip လေးကို နန်းခင်တို့ ရိုက်ဖြစ်တယ်။ အဓိက ကတော့ ခရီးသွားလာရေးလည်း ပိုမိုတိုးတက်စေချင်တယ် ကယောဒေသလေးကိုလည်း ဘယ်သူမှ မရောက်ဖူးဘူး။ ဒီ Adventure Trip လေးက နန်းခင် တစ်ခါမှလည်း မကြုံဖူးဘူး တောင်ကုန်းတွေ၊ တောင်ဆင်းတွေလည်း တက်ရတယ်။ ကြိုးတွေနဲ့လည်း တွယ်ပြီးတော့ တက်ရတယ်။ အစားအသောက်တွေဆိုရင်လည်း သူတို့ ဒေသရိုးရာအစားအသောက်တွေလည်း စားရတယ်။ သူတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို လည်း လေ့လာရတယ်'' လို့ ဆိုပါတယ်။

play

 

ကယောဒေသလေးမှာလည်း နန်းခင်ဇေယျာ ကိုယ်တိုင် လေ့လာဖြစ်ခဲ့တဲ့ ဗဟုသုတတွေနဲ့ နှစ်သက်မှုအကြောင်းကိုလည်း ဝန်ခံပြောပြခဲ့ပါသေး တယ်။

'' အဓိက လေ့လာဖြစ်တာကတော့ ရာသီဥတုအရမ်းအေးတယ်ပေါ့နော်၊ လျှပ်စစ်မီးလည်းမရဘူး အစားအသောက်တွေစားရင်လည်း သူတို့ ရိုးရာအတိုင်း ဖက်တွေနဲ့စားရတယ်။ ခွက်ဆိုတာလည်း မရှိဘူး  ဝါးကိုခုတ် ပြီးရင် အဲ့ဒီအထဲကို ထမင်းတွေ၊ ဟင်းတွေထည့်ပြီးတော့ စားရတာ တွေလည်းရှိတယ်။ ဒီခရီးက တော်တော်လေးကို ကြမ်းပါတယ်။ သူတို့ပြောတာလည်း ကိုယ်နားမလည်ဘူး၊ ကိုယ်ပြောတာလည်း သူတို့ နားမလည် ဘူး သူတို့မျိုးနွယ်စုမှက အခုချိန်ထိ သူတို့ ဝတ်စုံတွေကို ဝတ်နေတုန်းပဲ။ ဗမာစကားလည်း အခုထိမပြောတတ်သေးဘူး သူတို့ရဲ့ ပျူငှာတဲ့ အပြုံးလေးတွေကိုတော့ နန်းခင်အကြိုက်ဆုံးပါပဲ'' လို့ သူကဆိုပါတယ်။

play

 

ကယားပြည်နယ်အတွင်းမှာရှိတဲ့ ကယောဒေသလေးကို ခရီးဆန့်ခဲ့တဲ့ အစီအစဉ်ကိုတော့ ဒါရိုက်တာကိုပေါက်က ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် နန်းခင်ဇေယျာနဲ့အတူ သရုပ်ဆောင်မင်းသွေး၊ သားငယ် နဲ့ နွယ်ဒါလီထွန်းတို့ကလည်း ပါဝင်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ ခရီးသွား ရတာကို နှစ်သက်တဲ့ နန်းခင်ဇေယျာကတော့ နောက်တစ်ကြိမ်လည်း ဒီလို ခရီးမျိုးတွေကို သွားရောက်လည်ပတ်ချင်သေးတယ်လိုပ ဆိုပါတယ်။

Photo: နန်းခင်ဇေယျာဖေ့စ်ဘုတ်

See more

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD