AD
AD
AD

မနေ့က ဖြစ်သည် ၂ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေတဲ့ သရုပ်ဆောင် ဆုပန်ထွာကတော့ ဒီရုပ်သံဇာတ်လမ်းတွဲမှာ လုပ်ကွက်လေးလည်း ရတဲ့ အပြင် သရုပ်ဆောင် ကျော်ကျော်ဗိုလ် နဲ့ အတူ တွဲဖက်သရုပ်ဆောင်ရတဲ့ အပေါ်သူ့ရဲ့ ခံစားချက်ကိုလည်း Duwun Media ကနေပြောပြခဲ့ပါ တယ်။

play

 

'' မနေ့က ဖြစ်သည် ၂ ရိုက်ကူးဖြစ်တာကလည်း ပန်ပန် လုပ်ကွက်လေးလည်းရတယ်။ ဇာတ်လေးလည်းကောင်းတယ်။ အဓိက ကတော့ ပန်ပန် ရယ်၊ ကိုကျော်ကျော်ဗိုလ် ရယ် လုပ်ကွက်ရတဲ့ ဇာတ်လေးဆိုတော့ ရိုက်ဖြစ်တာပါ။ တော်တော်လည်း အိုက်တင်လုပ်လို့ကောင်းတဲ့ နေရာမျိုး လေးပေါ့နော်။ ရိုက်နေတဲ့အချိန်မှာ ကိုကြံ့နဲ့ အိုက်တင်တွေလုပ်နေရတာလည်း အရမ်းအရသာရှိတာပေါ့နော်။ ပျော်တယ် ရင်ထဲမှာ ပီတိလေး ဖြစ်တယ်ပေါ့။ ဒီဇာတ်လမ်းတွဲထွက်လာတဲ့အခါကျရင်လည်း အားလုံးက ကြိုးစားထားကြတဲ့အတွက် ရလဒ်ကောင်းလိမ့်မယ်လို့ မျှော်လင့်ပါ တယ်'' လို့ သူကဆိုပါတယ်။

play

 

ဇာတ်လမ်းတွဲထဲက သူ့ရဲ့ ကာရိုက်တာလေးကိုလည်း ပရိသတ်သိအောင် ပြန်လည်မိတ်ဆက်ခဲ့ပါသေးတယ်။

'' အကြမ်းဖျင်းကတော့ ကုမ္မဏီပိုင်ရှင် သူဌေးမပေါ့၊ ကိုကြံ့ကတော့ ကုမ္မဏီဥက္ကဌပေါ့။ ကိုယ်က ရှယ်ယာပါထားတဲ့ သူဌေးမကြီး ပုံစံနဲ့ သရုပ်ဆောင် ထားပါတယ်။ တောက်လျှောက်ရိုက်နေရတာတွေ ပန်ပန်ကြည့်တယ် MRTV-4 က ကလေးတွေလည်း ပါကြတယ်၊ သူတို့ကလည်း အောင်မြင်ကြတယ်။ ပန်ပန်ကတော့ ပျော်တယ် ဒီကားလေးရိုက်ရတာ MRTV-4 က ကလေးတွေရော၊ အစ်မတွေရော၊ မောင်တွေရော အကုန်လုံး ကလည်း ကြိုးစားပမ်းစားရိုက်ကြတယ်။ နောက်တစ်ခုက ရက်လေးတွေ ညှိကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ညှိပြီးရိုက်ကြတာ ဆိုတော့ ပျော်စရာလည်းကောင်းတယ်။ စိတ်လည်းချမ်းသာတယ် အဆင်လည်းပြေတယ်'' လို့ ဆုပန်ထွာက ပြောပါတယ်။

play

 

သရုပ်ဆောင်ဆုပန်ထွာအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း လက်ခံရိုက်ကူးဖြစ်နေပေမယ့် ဇာတ်လမ်းတွဲတွေကိုလည်း လက်ခံရိုက်ကူးဖြစ်နေတယ် လို့ သိရပါတယ်။ ဂီတနဲ့ ပတ်သက်ပြီး နယ်ဖျော်ဖြေပွဲလေးတွေလည်း ရှိတယ်လို့ သိရပါတယ်။

Photo: ဆုပန်ထွာဖေ့စ်ဘုတ်, Duwun

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD