AD
AD
AD

ကော့သောင်းခရီးစဉ်ကနေ မကြာခင်ကမှ ပြန်ရောက်ခဲ့တဲ့ ခင်ဝင့်ဝါကတော့ ခရီးထွက်ရလို့ အရမ်းကို ပျော်နေပါတယ်။ ကော့သောင်းခရီးစဉ် မှာလည်း လည်ပတ်ခဲ့တဲ့ နေရာလေးတွေအကြောင်းကို အမှတ်တရအဖြစ် Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကော့သောင်းခရီးစဉ်ကျတော့ အတွေ့အကြုံအများကြီးရပါတယ်၊ ညီမတို့က ကော့သောင်းကနေတဆင့် ကျွန်းတွေကို သွားကြတယ်ပေါ့နော်။ ဂျလန်းကျွန်းတို့ဆိုရင်လည်း တစ်ခါမှ မရောက်ဖူးဘူး။ ကော့သောင်းကိုလည်း တစ်ခါမှ မရောက်ဖူးပါဘူး အဲ့ဒီမှာ ကျွန်းအသစ်တွေ နာမည်တွေ ကတော့ နည်းနည်းဆန်းတယ်။ တစ်ကျွန်းဆိုရင် တော်တော်လေးလှတယ် ကော့သောင်းကနေ တစ်နာရီခွဲလောက်သွားရတယ်မီးလည်း မရှိဘူး စလုံလူမျိုးတွေ နေတဲ့နေရာပေါ့နော် အဲ့ဒီနေရာကို သွားပြီးတော့ ကျန်ရှိနေတဲ့ စလုံလူမျိုးတွေနဲ့ ဓာတ်ပုံတွေရိုက်ကြတယ်။ ရှုခင်းတွေလည်း မြင်ရတဲ့အတွက်ကြောင့် တခြားနိုင်ငံခြားက Beach တွေနဲ့ ကိုယ့်နိုင်ငံက အလှအပတွေဆိုတော့ ခံစားမိတယ်၊ အရမ်းလည်းကျေနပ်မိတယ်'' လို့ ဆိုပါတယ်။

play

 

ကော့သောင်းခရီးစဉ်မှာ ဓာတ်ပုံတွေရိုက်ရင်း ခြေထောက်ပါ ရှတဲ့အထိ ပျော်ခဲ့ရတယ်ဆိုတဲ့ အမှတ်တရတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' ညီမဆိုရင် စိတ်လွတ်လက်လွတ်ပဲ ကိုယ်သွားတဲ့နေရာ ကျွန်းတွေ၊ ဒီရေတောတွေ အများကြီးပဲ။ ဒီရေတောဆိုတာ စာထဲမှာပဲ မြင်ပြီးအပြင်မှာ တစ်ခါမှမမြင်ဖူးတော့လေ အဲ့ဒီအပေါ် ဓာတ်ပုံတွေ တက်ရိုက်ရင် ခြေထောက်တွေဆို ရှပါ ရှတယ်။ ဘာပဲဖြစ်ဖြစ်ပျော်တယ်၊ အတွေ့အကြုံအသစ် ပေါ့နော်။ ကိုယ်မရောက်ဖူးတဲ့  အရပ်ဒေသ သွားရတဲ့အတွက်ကြောင့်မို့လို့ အရမ်းလည်းပျော်ပါတယ်'' လို့ ခင်ဝင့်ဝါက ပြောပါတယ်။

play

 

မရောက်ဖူးတဲ့ အရပ်ဒေသဖြစ်တဲ့ ကော့သောင်းမြို့ကို ခရီးထွက်တဲ့အခါ အရမ်းပျော်တယ်ဆိုတဲ့ ခင်ဝင့်ဝါရဲ့ ခံစားချက်တွေကိုလည်း ပြောပြခဲ့ပါ တယ်။

'' အဓိက က မြန်မာနိုင်ငံမှာ ဒီလိုမျိုးလှပတဲ့ အရပ်ဒေသတွေရှိပါလားပေါ့နော်၊ ညီမ ဒီလိုမျိုးခရီးသွားခြင်းအားဖြင့် ဒီလိုမျိုးကျွန်းတွေထက် တခြားပြည်နယ်တွေပေါ့နော်။ ချင်းပြည်နယ်တို့ ၊ ကချင်ပြည်နယ်တို့ အဲ့ဒါမျိုးတွေထပ်သွားဖို့လည်း စီစဉ်ထားတယ်။ အရမ်းလည်းပျော်တယ် အရမ်းလှပတဲ့ ရှုခင်းတွေရယ်၊ တော တောင်တွေရယ် သဘာဝတွေကို မြင်ရတဲ့အခါမှာ ခရီးတွေထပ်သွားဖို့လည်း ကြိုးစားနေတယ်။ နောက်ထပ် အားရင် အားသလို ခရီးတွေ ထွက်ဖြစ်ဦးမှာပေါ့နော်'' လို့ သူက ဆိုပါတယ်။

play

 

သရုပ်ဆောင်ခင်ဝင့်ဝါကတော့ Seaberg ခရီးသွားကုမ္ပဏီရဲ့ အစီအစဉ်နဲ့ အပန်းဖြေရင်း မှတ်တမ်း ရုပ်ရှင်  Documentary  တစ်ခု ရိုက်ကူးဖို့အတွက် ကော့သောင်းကိုသွားရောက်လည်ပတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ သရုပ်ဆောင် နေမင်းနဲ့ ရဲတိုက်တို့ကလည်း အတူတကွလိုက်ပါခဲ့ကြပါသေးတယ်။

photo: ခင်ဝင့်ဝါဖေ့စ်ဘုတ်

See more

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD