AD
AD
AD

သရုပ်ဆောင် မေ ကတော့ ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိတယ်လို့သိရပါတယ်။ ဒါရိုက်တာဝိုင်းနဲ့ အလုပ်အတူတွဲလုပ်ခွင့်ရတဲ့အပေါ် သူ့ရဲ့ စိတ်ခံစားချက်တွေကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' သတို့သမီးရဲ့ လျှို့ဝှက်ချက် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ရှိပါတယ်။ ဒါရိုက်တာကတော့ ကိုဝိုင်းပါ  အဲ့ဒီဇာတ်ကားကြီးထဲမှာ အလင်းရောင်ရယ်၊ ဖွေးဖွေးရယ်ပါ။ ကိုဝိုင်းနဲ့ကလည်း ဆုံချင်တာလည်း များနေပြီ ကြားမှာလည်း မဆုံဖြစ်လိုက်တာလေးတွေလည်းရှိတယ် ပထမကတော့ ဧည့်သည်သရုပ်ဆောင်အဖြစ်ရိုက်ဖူးတယ်။'' လို့ ဆိုပါတယ်။

play

 

သတို့သမီးရဲ့ လျှို့ဝှက်ချက် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားက သူ့အတွက် စိတ်ဝင်စားဖို့ကောင်းသလို ရင်ခုန်တယ်လို့ မေ က ပြောပါတယ်။

''  ဒီဇာတ်ကားလေးကတော့ တကယ်ကို ဆရာ၊ တပည့်လို ပုံစံမျိုးရိုက်ရမှာဆိုတော့ ကိုယ်လည်း ပညာတွေ အများကြီးရမယ် ကိုယ်မသိတာတွေ ကို လည်း ကိုဝိုင်းက အများကြီးပြောပြနိုင်မယ်ထင်တယ်ဇာတ်ကားလေးက အရမ်းလည်း စိတ်ဝင်စားဖို့ကောင်းတယ် အဲ့ဒီအတွက် ရင်လည်း ရင်ခုန်တယ်။ လုပ်ကွက်ရတဲ့ ဇာတ်တွေကိုပဲ ရွေးချယ်ရိုက်ဖြစ်တာများတယ်။ ဒီဇာတ်ကားလေးဆိုရင်လည်း သူ့ဟာနဲ့သူပေါ့ ကိုဝိုင်းရိုက်တာ ဆိုတော့လည်း သိပ်ပြောဖို့တော့မလိုပါဘူး'' လို့ မေ ကပြောပါတယ်။

play

 

သရုပ်ဆောင်မေကတော့ လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရတာဖြစ်ပြီး ဂီတဘက်မှာ လည်း Marry Me လို့အမည်ပေးထားတဲ့ သူ့ရဲ့ တစ်ကိုယ်တော်အခွေ MTV လေးကိုလည်း ပြင်ဆင်နေပြီလို့ သိရပါတယ်။

photo: မေ ဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD