AD
AD
AD

သရုပ်ဆောင်မေကဗျာကတော့ သမီးလေးဖြစ်တဲ့ ဂင်္ဂါမေက အားကိုးနေရပြီလို့ ဖွင့်ပြောပြလာပါတယ်။ မေကဗျာ့ရဲ့ ကွန်ပျူတာပန်းထိုးလုပ်ငန်း မှာလည်း ပါဝင်ကူညီပေးနေတဲ့အကြောင်း Duwun media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' သမီးလေးကတော့ အသက် ၁၃ နှစ်ရှိပါပြီ လူကြီးတစ်ယောက်လိုပဲ အပြောအဆို၊ အတွေးအခေါ် သူလုပ်တာတွေက အစ်မတို့ စက်ရုံမှာဆိုရင် ဒီဇိုင်းဆွဲတာက သူဆွဲတယ်ပေါ့။ ပြီးတော့ ကွန်ပျူတာပန်းထိုးဒီဇိုင်းဆွဲတာကိုလည်း သင်တန်းတက်ထားပြီးသား ကိုယ်လည်းသွားတတ်ပါတယ်။ ဒါပေမယ့် ကိုယ်က မတက်ဘူး သူ့လောက် ဥာဏ်မပြေးဘူး။ သူကတော့ အိမ်မှာ တော်တော် အားကိုးနေရတယ် တချို့ပုံတွေဆိုရင် သူပဲဆွဲ တယ်၊ သူပဲပြင်တယ် စက်အကြောင်းဆိုရင်လည်း သူ နားလည်တယ်'' လို့ ဆိုပါတယ်။

play

 

အနုပညာရှင်တစ်ယောက်ရဲ့ သမီးဖြစ်ပေမယ့်လည်း သမီးလေးကို အနုပညာအမွေမပေးချင်ဘူး၊ သမီးလေးကိုယ်တိုင်ကလည်း ဝါသနာမပါဘူး လို့ ပြောပြခဲ့ပါသေးတယ်။

'' အနုပညာအမွေတော့ မပေးချင်ပါဘူး၊ သူကလည်း အခုချိန်ထိတော့ ဝါသနာမပါဘူးပေါ့။ ကျောင်းပြီးမှ ပါသွားရင်တော့လည်း မသိဘူးပေါ့ ၊ အခုချိန်မှာလည်း ကလေးလိုပဲဖြစ်နေသေးတော့ အလှအပကိုလည်း မခံစားတတ်သေးဘူး၊ ပညာရေးပဲ ဝါသနာပါတယ်။ ကဗျာကတော့ သမီးကို ပညာရေးရယ်၊ အတတ်ပညာရယ် ကိုပဲ အမွေပေးချင်တယ်။ အနုပညာအလုပ်ဆိုတာပင်လည်းပင်ပန်းပါတယ် တကယ်ပညာတတ်တယ်ဆိုရင် အေးအေးဆေးဆေး သူတို့ဘဝလေး ရပ်တည်လို့ရတယ်လေ သူဝါသနာမပါတဲ့အတွက်ကြောင့်လည်း ကျေးဇူးတင်ပါတယ်'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်မေကဗျာ့ အနေနဲ့ သမီးလေး ဂင်္ဂါမေက အသက် ၁၃ နှစ်သာရှိသေးပြီး ကျောင်းတက်နေတဲ့အရွယ်ဖြစ်တာကြောင့် ပညာရေးကို အဓိက ပံ့ပိုးပေးဖြစ်နေတယ်လို့ ဆိုပါတယ်။ သမီးလေးရဲ့ ဝါသနာကိုလည်း ကောင်းတာ ဆိုးတာကိုကြည့်ပြီး ပံ့ပိုးပေးသွားမယ်လို့ မေကဗျာက ပြောပါတယ်။ သမီးလေးကို လည်း ဖိအားပေးထားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

Photo: မေကဗျာ့ ဖေ့ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD