AD
AD
AD

မီရုပ်ရှင်ဇာတ်ကားကြီးကို ဗစ်တိုးရီးယားရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မှာဖြစ်ပြီး ဒါရိုက်တာ ဏကြီးက ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာစတင်ရိုက်ကူးသွားမှာ ဖြစ်တဲ့အတွက် ပါဝင်ကြမယ့် သရုပ်ဆောင်တွေကလည်း သူတို့ရဲ့ ကာရိုက်တာ အသီးသီးကို Duwun Media ကနေတဆင့် အခုလို မိတ်ဆက်ပေးခဲ့ပါတယ်။

play

 

ဒါရိုက်တာ ဏကြီး

______________

ကြည်အေးရဲ့ မီ ဝတ္ထုက ရုပ်ရှင်အဖြစ်ပြောင်းလဲမယ်ဆိုရင် အခက်အခဲ အများကြီးရှိနိုင်မယ်။ ဘတ်ချက်အားဖြင့် ပိုလည်းပိုလာနိုင်တယ် ဒီလို အချိန်မျိုးမှာ ဒီလို ဝတ္ထုမျိုးကို ရုပ်ရှင်ပေးရိုက်တာကို ကျေးဇူးအများကြီးတင်ပါတယ်။

play

 

သားညီ

___________

ရွှေဓားမြှောင် ဆိုတဲ့လူဆိုး၊ လူသတ်သမားပေါ့နော်၊ မီ ဆိုတဲ့ကောင်မလေးကို သံယောဇဉ်ရှိတယ်၊ အရမ်းချစ်တော့ သူ့အတွက် ဘာမဆို လုပ် ပေးမယ် ဆိုတဲ့ ကာရိုက်တာပါ။

play

 

ရဲအောင်

_________

ကျွန်တော်က ဒီဇာတ်ကားထဲမှာ မြို့ပိုင် ဦးဘချစ်နေရာက ပါဝင်သရုပ်ဆောင်ရမှာပါ။ ကျွန်တော်က ဇာတ်လမ်းထဲမှာ မီကို သဘောကျတယ်၊ နှစ်သက်တယ် သူနဲ့ ကျွန်တော်တို့နဲ့ ပတ်သက် ဆက်ဆံတာလေးတွေ ရှိတယ်။ သူကလည်း ကျွန်တော်တို့ကို အလိုက်အထိုက်လေးတွေ ဆက်ဆံတာ ရှိတယ်။

play

 

မင်းဦး

____________

ဒီ ဇာတ်ကားထဲမှာတော့ မီ ဆိုတဲ့ကောင်မလေးကို ဝိုင်းကြိုက်ကြတဲ့ အဲ့ဒီခေတ်က ဘဲကြီးတွေပေါ့နော်။ နောက်ပိုင်းကျတော့လည်း ကြိုက်ရင်းနဲ့ ဇာတ်လမ်းလေးတွေ ဖြစ်သွားတာပေါ့နော်။

play

 

နေတိုး

__________

ဒီဇာတ်ကားထဲမှာတော့ သော်ဆွေ ဆိုတဲ့ဇာတ်ကောင်ပေါ့နော်။ ကာရိုက်တာအားဖြင့်ဆိုရင်တော့ သစ်တောဝန်ထမ်းအရာရှိတစ်ယောက် အဖြစ်ပါဝင်သရုပ်ဆောင်ရမှာပါ ။ သစ်တောထဲမှာပဲ သူ့ရဲကဘဝကို မြုပ်နှံထားတယ်။

play

 

အောင်ရဲထိုက်

_______________

မီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မီ့ ကိုအရမ်းချစ်တဲ့ မောင်ကိုလေး နေရာက သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ အခန်းကဏ္ဍတိုင်း ကလည်း တာဝန်ကြီးတယ် ကျွန်တော်ကျတော့ မီ့ ကိုအရမ်းချစ်တဲ့ကောင်လေးတစ်ယောက် ချစ်ခြင်းမေတ္တာတွေကို ပေါ်လွင်အောင် သရုပ်ဆောင်ရမယ့် အပိုင်းလေးပေါ့။

play

 

ပိုင်ဖြိုးသု

_____________

မီ ကတော့ ကျားနာတစ်ကောင်လိုပဲပေါ့နော်။ မြင်မြင်သမျှကို အကုန်မဲတယ်။ ဘာမှ မဲစရာမရှိရင် ကိုယ့်ကိုယ်ကို ပြန်မဲပြီးတော့ ကိုယ့်ကိုယ်ကို ဒုက္ခပြန်ပေးနေတဲ့ မိန်းကလေးတစ်ယောက်ပေါ့။

play

 

မီ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ရဲအောင်၊ မင်းဦး၊ သားညီ၊ နေတိုး၊ အောင်ရဲထိုက် နဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်သွား မှာဖြစ်ပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းနေရာကိုတော့ ရန်ကုန်၊ ပြင်ဦးလွင် နဲ့ ဖိုးကျား ဆင်စခန်းတို့မှာ ရိုက်ကူးရေးလုပ်သွားမယ်လို့ သိရပါတယ်။

Photo: Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD