AD
AD
AD

ပန်းနှစ်ပွင့်စီးချင်း ရုပ်သံဇာတ်လမ်းတွဲကိုတော့ ဇန်နဝါရီလ ၄ ရက်နေ့က စပြီး MRTV ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာမင်းခိုက်စိုးစံက ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး နောက်ထပ်ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေက လည်း ပါဝင်ထားကြတဲ့ ကာရိုက်တာအကြောင်းကို  Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

play

 

ဒါရိုက်တာ မင်းခိုက်စိုးစံ

_________________

ကျွန်တော်တို့က ဖစ်ရှင်သမားတွေပါ ခံစားမှုကိုပေးချင်တာ ကျွန်တော်တို့က Realism ကိုချည်းပဲပေးတာမဟုတ်ပါဘူး ။ တရားရုံးမှာလည်း အပြန်အလှန်ငြင်းနေခုံနေကြတယ် ဒါပေမယ့် တကယ့်တရားရုံးမှာ ငြင်းမှ မငြင်းတာ ကျွန်တော်တို့ တကယ့်တရားရုံးမှာ သွားရောက်လေ့လာ ခဲ့ကြ ပါတယ်။

play

 

မာကို

__________

ကျွန်တော်က သူဌေးသားတစ်ယောက်၊ ကျွန်တော့်မှာ အစ်ကိုတစ်ယောက်ရှိတယ်။ အဖေ့ကို ဒုက္ခပေးတဲ့သူကို ကျွန်တော်က သတ်လိုက်တာ လား၊ ကျွန်တော့်အစ်ကိုက သတ်လိုက်တာလား ဒါမှ မဟုတ် တခြားဘယ်သူတွေက သတ်လိုက်တာလဲ ဆိုတာကို ပရိသတ်တွေ မမြင်အောင်၊ မသိအောင် လှည့်ကွက်မျိုး၊ လျှို့ဝှက်ဆန်တဲ့ ဇာတ်ကွက်မျိုး ။

play

 

ထက်ကိုကိုလင်း

_____________

မသု နဲ့ရော၊ မေသော်နဲ့ရော သူငယ်ချင်းပါပဲ။ ကျွန်တော်က မသု ကိုငယ်ငယ်ကတည်းကနေပြီးတော့ ရှေ့နေဖြစ်တဲ့အချိန်ထိ တိတ်တခိုးလေးနဲ့ ကြိုက်နေရတဲ့ ကောင်လေးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

play

 

ပိုင်ဖြိုးသု

__________

ဒီဇာတ်ကားထဲမှာ ရွှေဇဝါဆိုတဲ့ရှေ့နေမလေး ၊ အမှုလိုက်တိုင်း နိုင်လို့နာမည်ကြီးတယ်။ သူ ရှုံးခဲ့တဲ့ အမှုက မရှိသလောက်ရှားတယ် မှန်တဲ့ဘက် ကိုပဲလိုက်တာဘယ်တော့မှ မှားတဲ့ဘက်ကို မလိုက်ပေးဘူး။ ပိုက်ဆံဘယ်လောက်ပေးပေး ဒီဘက်က မှားနေတယ်ဆိုရင် ဘာမှ မလုပ်ပေးတဲ့ ရှေ့နေမလေးပေါ့။

play

 

မေဘရဏီသော်

______________

မေသော်ကတော့ ရှေ့နေမလေး မေခတ္တာအဖြစ်ပါဝင်သရုပ်ဆောင်ထားတာပါ။ ကျောင်းမှာကတည်းက ရွှေဇဝါနဲ့ မေခတ္တာတို့က သူငယ်ချင်း လည်း သူငယ်ချင်းပေါ့၊ ပြိုင်ဘက်လည်း ပြိုင်ဘက် ကိုယ်ကလည်း မှန်တယ်လို့ထင်ပြီဆိုရင် ဇွဲမလျော့တတ်ဘူး။

play

 

ပန်းနှစ်ပွင့်စီးချင်းရုပ်သံဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင် ကိုကိုလင်းမောင်၊ စိုးရန်အောင်၊ ရန်ကျော်၊ ထူးသာ၊ ထူး၊ ထူးမွန်၊ ထူးသာ၊ ထက်ကိုကိုလင်း၊ မာကို၊ သန်းသန်းစိုး နဲ့အတူ အခြားအနုပညာရှင် ပေါင်းများစွာ တို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Photo: Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD