AD
AD
AD

မီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ချစ်တတ်တဲ့လူမိုက်ကြီး ရွှေဓားမြှောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမယ့် သားညီကတော့ ဇာတ်ကားမရိုက် ဖြစ်တာလည်း ကြာလို့ အိုက်တင်လည်း လုပ်ကြည့်ချင်တဲ့အတွက် ဒီဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်တယ်လို့ Duwun Media ကနေပြောပြ ခဲ့ပါတယ်။

play

 

'' အဓိက ကတော့ သုသုပါ။ သူက ဒီနေရာလေးက ကိုသားညီနဲ့လိုက်တယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာ အရမ်းစိတ်ဝင်စားတယ်။ ပြီးတော့ ဒါရိုက်တာကလည်းး ကိုဏကြီးဖြစ်တယ်၊ တွဲဖက်သရုပ်ဆောင်မှာလည်း ကိုနေတိုးဆိုတော့ အကုန်လုံးကလည်း ကိုယ့်လူတွေချည်းပဲ ဖြစ်နေတဲ့ အခါကျတော့ လက်ခံရိုက်ဖြစ်တယ်'' လို့ ဆိုပါတယ်။

play

 

ရွှေဓားမြှောင်ကာရိုက်တာအတွက် ဝိတ်ချခဲ့ရတဲ့အကြောင်းနဲ့ တခြားပြင်ဆင်မှုတွေကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' သရုပ်ဆောင်မလုပ်ရတာလည်းကြာပြီဆိုတော့ အရသာရှိရှိလေး အိုက်တင်လုပ်ကြည့်ချင်တယ်။ ကျွန်တော့်ဘက်က ဝိတ်နည်းနည်းချရတယ်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေ ထားရတယ်။ ပြီးတော့ ရှေးခေတ်ပုံစံမျိုးလေးတွေ လေ့လာရတာရှိတယ်။ ချစ်တတ်တဲ့ လူမိုက်ကြီးပေါ့'' လို့ သားညီက ပြောပါတယ်။

play

 

သရုပ်ဆောင်သားညီကတော့ ဇာတ်ကားတွေမရိုက်ဖြစ်တာ အတော်ကြာနေပါပြီ။ ဒါရိုက်တာအဖြစ်နဲ့သာ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင် ဇာတ်ကားကြီး တွေ ရိုက်ကူးနေရတာဖြစ်ပြီး မီ ရုပ်ရှင်ဇာတ်ကားမှာတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။

photo: သားညီဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD