AD
AD
AD

တောကျီးကန်းရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကြီးထဲမှာပါဝင်တဲ့ အနုပညာရှင်တွေက Duwun Media ကနေ အမှတ်တရစကားပြောပြခဲ့ပါတယ်။

play

 

ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ)

_________________________

ဒီရုပ်ရှင်ဇာတ်ကားကြီး ကို အားရကျေနပ်မှုရှိသလားဆိုတော့ ဒီ့ထက်ပိုပြီးတော့လုပ်ချင်သေးတယ်။ ဒါပေမယ့် ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ရတာ ပေါ့နော်။ အကောင်းဆုံးလုပ်ချင်ပါတယ်။ အဲ့ဒီအချိန် အဲ့ဒီအခါမှာ အခက်အခဲလေးတွေရှိလာတာကြောင့် ကိုယ့်ကိုယ်ကိုပဲ အားမရဖြစ်ပါတယ်။

play

 

ခင်လှိုင်

_________

ဒီမှာကျတော့ ဝမ်းစာအတွက် မကောင်းတာလုပ်ကြတယ်။ သူငယ်ချင်းကလည်း ၂ ယောက်ပဲရှိတာဆိုတော့ အရင်လို အရမ်းဆိုးပေတေနေတာ မဟုတ်ပဲနဲ့ အလုပ်တစ်ခုကို သူတို့ ဝမ်းစာအတွက် ရှာကြတာပဲရှိတယ်။

play

 

မိုးဟေကို

_________

ဒီဇာတ်ကားထဲမှာ ဒီဒီးအနေနဲ့ နယ်မှာ ထမင်းရောင်းနေတဲ့ကောင်မလေးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကား လေးအပေါ် အားရကျေနပ်မှုရှိပါတယ် ကိုယ်ကိုယ်တိုင်ထက် တခြားသရုပ်ဆောင်တွေ အရမ်းကောင်းနေတော့လေ။

play

 

တောကျီးကန်းရုပ်ရှင်ဇာတ်ကားကြီးကို မိုးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ကရိုက်ကူးပုံဖော်ထားတာ ဖြစ်ပြီး သရုပ်ဆောင် မြင့်မြတ်၊ ခင်လှိုင်၊ ထူးခြား နဲ့ မိုးဟေကို  တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှ စပြီးရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြသသွားမယ်လို့ သိရပါတယ်။

Photo: မိုးရုပ်ရှင်ထုတ်လုပ်ရေး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD