AD
AD
AD

အောင်ရဲထိုက်ကတော့ မီ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မောင်ကိုလေးဆိုတဲ့ ဇာတ်ကောင်ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ မီ့ အရမ်းချစ်တဲ့ မောင်ကိုလေးရဲ့ ကာရိုက်တာအတွက် အာရုံစိုက်နေရတဲ့အကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော် ည ရုပ်ရှင်ဇာတ်ကားပြီးတဲ့အခါမှာ ဒီဇာတ်ကားက ကျွန်တော့်အတွက် ဒုတိယမြောက်ဇာတ်ကားပေါ့နော်။ အခုလို ဒိတ်ဒိတ်ကြဲ စီနီယာတွေနဲ့ အလုပ်တွဲလုပ်ခွင့်ရတဲ့အတွက် တကယ်ပဲ ဝမ်းသာဂုဏ်ယူပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီးတော့လည်း ကာရိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လိုအကောင်းဆုံးလုပ်နိုင်မလဲဆိုတာကိုပဲ စိတ်ထဲ ထားထားသေးတယ်။ ဒီကာရိုက်တာအပေါ်မှာ ဘယ်လို စီးမျှောမှုရှိမလဲ၊ ရူးသွပ်မလဲဆိုတာပဲ တွေးရသေးတယ်''လို့ သူကဆိုပါတယ်။

play

 

မောင်ကိုလေး ကာရိုက်တာက တာဝန်ကြီးတဲ့အတွက် ပိုကောင်းအောင် ကြိုးစားဖို့တွေးနေတယ်လို့ ဆိုပါတယ်။

'' တာဝန်ကြီးတယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လုပ်ရမယ့် အပိုင်းတွေက တချို့အရာတွေမှာ အသေးစိပ်က များတယ်။ပြီးတော့ ကျွန်တော့်မှာ ပြင်ဆင်ချိန်အလုံလောက်လည်း သိပ်မရှိတဲ့အခါကျတော့ ပိုပြီးတော့ ကြိုးစားအားထုတ်ရတယ်။ စိတ်ဖိစီးတာတော့ မရှိဘူး။ ဒီကာရိုက်တာကို ထပ်ပြီးတော့ ဘယ်လို ကြိုးစားလို့ရမလဲဆိုတာပဲ တွေးဖြစ်နေပါသေးတယ်'' လို့ အောင်ရဲထိုက်က ပြောပါတယ်။

play

 

သရုပ်ဆောင်အောင်ရဲထိုက်ကိုတော့ ည ရုပ်ရှင်ဇာတ်ကားကြီးကနေ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အခုလည်း ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ မီ ရုပ်ရှင်ဇာတ်ကားကိုလည်း ရဲအောင်၊ မင်းဦး၊ သားညီ၊ နေတိုး၊ ပိုင်ဖြိုးသု တို့နဲ့အတူ အဓိက သရုပ်ဆောင်တစ်ယောက်အဖြစ်ပါဝင်သွားမယ်လို့ သိရပါတယ်။

Photo: အောင်ရဲထိုက်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD