AD
AD
AD

ပန်းနှစ်ပွင့်စီးချင်းရုပ်သံဇာတ်လမ်းတွဲမှာ ရှေ့နေမလေး ရွှေဇဝါအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ပိုင်ဖြိုးသုက ဒီကာရိုက်တာကို ပထမဆုံး သရုပ်ဆောင်ဖူးတာဖြစ်ပြီး ရှေ့နေတွေကို လေးစားသွားခဲ့မိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဒီထဲမှာ ကာရိုက်တာက ရွှေဇဝါဆိုတဲ့ရှေ့နေမလေး အမှုတိုင်းလိုက်လို့ နာမည်ကြီးတယ်ပေါ့နော် ရှုံးခဲ့တဲ့အမှုမရှိသလောက်ကို ရှားတယ်၊ ပြီးတော့ မှန်တဲ့ဘက်ကပဲလိုက်တယ်။ ဘယ်တော့မှ မှားတဲ့လူကိုလည်းမလိုက်ပေးဘူး ပိုက်ဆံဘယ်လောက်ပေးပေး ဒီကိစ္စက မှားနေတယ် ထင်ရင် ဘယ်တော့မှ မလုပ်ပေးတဲ့ ရှေ့နေမလေးပုံစံပါ'' လို့ ဆိုပါတယ်။

play

 

တရားခွင်မှာအပြိုင်အဆိုင်ပြောရဆိုရမယ့် ရှေ့နေဖြစ်တဲ့အတွက် ရှေ့နေအသုံးအနှုန်းတွေကို ခက်ခက်ခဲခဲနဲ့ ဖတ်ခဲ့ရတဲ့အကြောင်း ပြောပြခဲ့ပါ သေးတယ်။

'' ရှေ့နေကာရိုက်တာဖြစ်တဲ့အတွက် အမှန်အတိုင်းဝန်ခံရရင် ရိုက်တဲ့အချိန်မှာလည်း အရမ်းခက်ခဲတယ်။ ကိုယ်ပြောတယ်ဆိုတာကလည်း အပြင်က သာမန်လူတွေပြောနေကြ စကားမျိုးမဟုတ်ပဲနဲ့ ပုဒ်မတွေ၊ အပိုဒ်ခွဲတွေ၊ လျှောက်လဲချက်တွေပေါ့နော် ရှေ့နေအသုံးအနှုန်းတွေ က လုံးဝ ကိုယ်နဲ့ မရင်းနှီးတဲ့စကားလုံးဖြစ်တဲ့အတွက် ရိုက်ကွင်းမှာဆိုရင် စကားတောင်မပြောရဲဘူး နှစ်ယောက်စလုံး ဇာတ်ညွှန်းတွေ ထိုင်ဖတ် နေရတာ'' လို့သူက ဆိုပါတယ်။

play

 

ပထမဆုံးလုပ်ဖူးတဲ့ ရှေ့နေကာရိုက်တာအတွက် အမှတ်တရအကြောင်းတွေကိုလည်း Duwun ပရိသတ်အတွက်ပြောပြခဲ့ပါသေးတယ်။

'' သု အတွက်တကယ်အမှတ်တရဖြစ်တဲ့ ကာရိုက်တာပါ။ ရှေ့နေကာရိုက်တာကို ပထမဆုံးလုပ်ဖူးတာပြီးတော့ အဲ့ဒီအချိန်မှာလည်း ရှေ့နေတွေ ရဲ့ ဘဝကို တော်တော် နားလည်သွားတယ်။ ပေးထားတဲ့ ဇာတ်ညွှန်းကိုတောင် ဒီလောက်ခက်ခက်ခဲခဲနဲ့ကျက်ပြီးတော့ ပြောရတာ သူတို့က ကျတော့ တစ်ဖက်က တင်လာတဲ့ လျှောက်လဲချက်ကို ချက်ချင်းတုံ့ပြန်ပြောရတာဆိုတော့ ရှေ့နေတွေကိုလည်း တော်တော်လေး လေးစား သွားတယ်'' လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

play

 

ပပန်းနှစ်ပွင့်စီးချင်း ရုပ်သံဇာတ်လမ်းတွဲကိုတော့ ဇန်နဝါရီလ ၄ ရက်နေ့က စပြီး MRTV ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာမင်းခိုက်စိုးစံက ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် ကိုကိုလင်းမောင်၊ စိုးရန်အောင်၊ ရန်ကျော်၊ ထူးသာ၊ ထူး၊ ထူးမွန်၊ ထူးသာ၊ ထက်ကိုကိုလင်း၊ မာကို၊ သန်းသန်းစိုး နဲ့အတူ အခြားအနုပညာရှင် ပေါင်းများစွာ တို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Photo: ပိုင်ဖြိုးသု ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD