AD
AD
AD

Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိလာခဲ့တဲ့ ရဲနောင်ကတော့ သူ့ရဲ့မွေးနေ့အမှတ်တရအနေနဲ့ မွေးရပ်ဇာတိဖြစ် တဲ့ မအူပင်မှာ ကျင်းပပြုလုပ်သွားမယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော့် အသက် ၂၄ နှစ်ပြည့်မွေးနေ့မှာ Top Ten ၁၀ယောက်နဲ့ မအူပင်မှာ ပရိသတ်တွေကို Free Show လေးလုပ်ပေးမယ်။ တစ်သက်လုံး အမှတ်တရဖြစ်နေစေဖို့အတွက် ဒီပွဲလေးကို ပြုလုပ်ဖြစ်တာပါ။ ထူးထူးခြားခြားဆိုရင်လည်း လာတဲ့ပရိသတ်တွေကို ကျွန်တော်ပိုက်ဆံ မကောက် ဘူး လူများများကြည့်လို့ ရအောင်လည်း စီစဉ်ပေးသွားမယ် ပုံမှန်မွေးနေ့ပွဲထက်စာရင်တော့ ထူးထူးခြားခြားဖြစ်မှာပါ'' လို့ သူကဆိုပါတယ်။

play

 

အမှတ်တရမွေးနေ့ပွဲမှာလည်း အလှူအတန်းတွေပြုလုပ်သွားမယ်ဆိုတာကို ပြောပြခဲ့ပါသေးတယ်။

'' မွေးနေ့ မနက်ပိုင်းမှာ ဘုန်းကြီးဆွမ်းကပ်မယ်၊ ညနေပိုင်းဖြစ်ဖြစ် မအူပင်က မိဘမဲ့ကလေးကျောင်းမှာ သွားပြီးတော့ထမင်းကျွေးဖို့အစီအစဉ် တော့ရှိပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်မွေးကတည်းက ဒီနေ့အချိန်ထိ မွေးနေ့ကိတ်မခွဲဖူးပါဘူး။ အဲ့ဒါကြောင့် အသက် ၂၄ နှစ်ပြည့်မွေးနေ့ပွဲလေးကလည်း တစ်သက်လုံးအမှတ်တရဖြစ်စေမယ့် ပုံစံလေး လုပ်ဖြစ်တာပါ'' လို့ ရဲနောင်က ပြောပါတယ်။

play

 

ရဲနောင်ရဲ့ မွေးနေ့ပွဲကိုတော့ ဇန်နဝါရီလ ၅ ရက်နေ့၊ မအူပင်မြို့နယ် တိုးရွှေဝါ ခန်းမ မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ သူ့အနေနဲ့ Myanmar idol Season 2 ပြိုင်ပွဲကြီးပြီးကတည်းက နယ်ဖျော်ဖြေပွဲတွေဆက်တိုက် သီဆိုနေရတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ၂၀၁၈ ခုနှစ်မှာ တစ်ကိုယ်တော်အခွေထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Photo: Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD