AD
AD
AD

မြန်မာနိုင်ငံမှာ ပထမဆုံးအိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခွင့်ရခဲ့တဲ့ World Noble Queen International 2017 ပြိုင်ပွဲကြီးနဲ့ Mister Tourism World 2017 ပြိုင်ပွဲကြီးကို ကိုယ်တိုင်စီစဉ်ကျင်းပပြုလုပ်ခဲ့တဲ့ ဥက္ကာမင်းမောင်ရဲ့ ရင်ထဲက ခံစားချက်ကို Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

play

 

'' မြန်မာနိုင်ငံဟာ သူများတွေထင်နေသလို မြန်မာနိုင်ငံကို Save မဖြစ်ဘူးတို့ မလုံခြုံဘူး၊ ခရီးသွားဖို့ မသင့်တော်ဘူးဆိုတဲ့ အမြင်တွေကို မဟုတ်ဘူးဆိုတဲ့နည်း နဲ့ သွယ်ဝိုက်ပြီးတော့ သက်သေပြခွင့်ရတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အိမ်ရှင်အနေနဲ့လက်ခံကျင်းပခွင့်ရတဲ့အခါ ပြိုင်ပွဲဝင်အားလုံးလာပြိုင်ကြတယ် သူတို့တွေသည်လည်း သူတို့နိုင်ငံက Winner တွေပါပဲ ။ သူတို့နိုင်ငံမှာ မီဒီယာတွေနဲ့ပြန်တွေ့တဲ့အခါ မြန်မာနိုင်ငံကိုသွားရတာ နွေးထွေးလိုက်တာ၊ ချစ်ဖို့ကောင်းလိုက်ကြတာ ကြိုဆိုလိုက်ကြတာ၊ သူတို့တွေအနေနဲ့ မမေ့နိုင်စရာအမှတ်တရ လေးတွေ ဖြစ်ခဲ့တယ်ဆိုတာကို သူတို့မီဒီယာတွေမှာ ပြန်ပြောပြတယ်ဆိုတဲ့ သတင်းလေးကြားရရင် ကျွန်တော်ကျေနပ်ပါပြီ'' လို့ သူကဆိုပါ တယ်။

play

 

နိုင်ငံတကာက ပြိုင်ပွဲဝင်တွေနဲ့အတူ Child Save Tourism နဲ့ပတ်သက်တဲ့ရိုက်ကူးရေးတွေလုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' Final မတိုင်မီ နောက်ဆုံးလုပ်ခဲ့တဲ့ ကမ်ပိန်းလေးတွေက Child Save Tourism နဲ့ပတ်သက်တဲ့ရိုက်ကူးရေးလေးတွေလုပ်ဖြစ်တယ်။ မြန်မာနိုင်ငံမှာက နိုင်ငံခြားသားဧည့်သည်တွေလာကြတယ် လာတိုင်းလည်းကောင်းတာမဟုတ်ဘူး။ တချို့တွေကအဆိုးဘက်ကိုသွားတာရှိတယ် ပြည်တွင်းမှာလည်း သက်ငယ်မုဒိန်းတွေတအားများတယ်။ အဓိက က နယ်စပ်တို့ ပညာရေးခေါင်းပါးတဲ့နေရာတွေမှာဖြစ်တာများတယ်၊ အဲ့ဒါကြောင့် ကမ်ပိန်းလေးတွေရိုက်ဖြစ်တယ်'' လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။

play

 

ဥက္ကာမင်းမောင်အနေနဲ့ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေ နဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်နေတာဖြစ်ပြီး 18 Album အတွက် MTV ရိုက်ကူးဖို့အတွက်လည်း ပြင်ဆင်နေပြီလို့ သိရပါတယ်။

photo: Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD