AD
AD
AD

နာမည်ကျော်စာရေးဆရာမကြီး ကြည်အေးရဲ့ အောင်မြင်တဲ့ ဝတ္ထုတွေထဲကမှ မီ ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားပြန်ရိုက်တဲ့အခါ ပါဝင်ခွင့်ရလို့ ဂုဏ်ယူတယ်လို့ သရုပ်ဆောင် အကယ်ဒမီ မင်းဦးက Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဒီဇာတ်က ဆရာမကြီး ကြည်အေးရဲ့ဇာတ်၊ ကျွန်တော်တို့က နာမည်ပဲကြားခဲ့ဖူးတာပါ စာတွေဖတ်ဖူးတယ်၊ တကယ့်ကို စာအရေးအသားရော တွေးတာခေါ်တာရော တကယ့်ကိုခေတ်မှီခဲ့တဲ့ တကယ့်ကို မော်ဒန်ဖြစ်ခဲ့တဲ့ ဆရာမကြီးရေးထားတဲ့ ဝတ္ထုပေါ့နော်၊ သူ့ရဲ့ နာမည်အကြီးဆုံး ဝတ္ထု ထဲမှာလည်း ပါပါတယ်။ ဒီဝတ္ထုလေးကိုပြန်ရိုက်တာဆိုတော့ တကယ့်ကို ဂုဏ်ယူပါတယ်'' လို့ သူကဆိုပါတယ်။

play

 

၁၉၄၇ ခုနှစ်က နေထိုင်မှုပုံစံမျိုးကို ရိုက်ကူးရမှာဖြစ်တဲ့အတွက် ပြင်ဆင်ရတာတော်တော်လေးခက်ခဲတယ်လို့ သူကဆိုပါတယ်။

'' ဒီဘက်ခေတ်မဟုတ်တဲ့အတွက် နေရာတွေလည်းခက်မယ်၊ ဇာတ်ကားထဲမှာပါတဲ့ ပစ္စည်းတွေဆိုရင် အသုံးအဆောင်တွေကအစ လိုက်စုရတာ ပေါ့နော်။ ဒီလိုဇာတ်ကားမျိုးရိုက်ဖို့က တော်တော်လေးခက်ပါတယ်။ ထုတ်လုပ်ရေးအပိုင်းကလည်း အကုန်လုံးပြင်ဆင်ထားတာဖြစ်တဲ့အတွက် ထူးခြားတဲ့ဇာတ်ကားလေးဖြစ်မယ်လို့ ယုံကြည်ပါတယ်'' ဆိုတာကို မင်းဦးက ပြောပြခဲ့ပါတယ်။

play

 

သရုပ်ဆောင်အကယ်ဒမီမင်းဦးကတော့ မီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ လုပ်ငန်းရှင်သူဌေးကြီးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါ တယ်။  ဒီရုပ်ရှင်ဇာတ်ကားပြီးရင်တော့ ခလုတ် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ သားညီနဲ့ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။

Photo: မင်းဦးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD