AD
AD
AD

၂၀၁၇ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ကျင်းပပြုလုပ်မယ့်နေရာကို အတိအကျမသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။ အနုပညာလောက သားတွေတက်ရောက်နိုင်မယ့် အင်အားကိုကြည့်ပြီး Outdoor နေရာမျိုးကို ရှာဖွေနေတုန်းပဲလို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်း က Duwun Media ကိုပြောပြခဲ့ပါတယ်။

play

 

''နေရာက သေချာတာကတော့ အမျိုးသားကဇာတ်ရုံလိုမျိုး၊ သုဝဏ္ဏမိုးလုံလေလုံတို့လိုမျိုး အဆောက်အအုံတွေမှာ ကျင်းပဖို့အတွက်ကတော့ အခြေအနေမကောင်းပါဘူး။ ကျွန်တော်တို့လောကသားတွေတက်ရောက်နိုင်တဲ့အင်အားနဲ့ အဲ့ဒီနေရာရဲ့ ဖိတ်ကြားနိုင်တဲ့အင်အားက အလွန် ကွာပါတယ်။ လောကသား များများစားစားတက်ရောက်စေချင်ရင်တော့ Outdoor လိုပဲကောင်းပါတယ်'' လို့ ဆိုပါတယ်။

play

 

အကယ်ဒမီဆုအရေအတွက်ကိုလည်း စည်းမျဉ်းစည်းကမ်းဟောင်းအတိုင်းဆိုရင် ပြည့်ချင်မှပြည့်မယ်လို့ သူကဆိုပါတယ်။

'' မနှစ်က ရရှိထားတဲ့ ပြည်သူ့ရင်ပြင်ကတော့ ဒီနှစ်ကိုမပေးတော့ပါဘူးဆိုတာ ကျွန်တော်တို့ အတိအလင်းသိရပြီးပါပြီ။ အဲ့ဒီအတွက် တခြားပြင်ပ နေရာကောင်းကောင်းတစ်ခုကို ရှာဖွေဖို့ပဲရှိပါတော့တယ်။ ဆုကိုတော့ အကယ်ဒမီဘုတ်အဖွဲ့ ဖွဲ့ပြီးရင် မူလစည်းမျဉ်းစည်းကမ်းဖြစ်တဲ့အတွက် သူတို့မူလ ကိုင်ဆွဲတဲ့ စည်းမျဉ်းစည်းကမ်းက ဘယ်လိုရှိသလဲ စည်းမျဉ်းစည်းကမ်းအဟောင်းနဲ့ပဲပေးမယ်ဆိုရင် ၁၁ ဆု ပြည့်ချင်မှ ပြည့်ကောင်း ပြည့်ပါလိမ့်မယ်'' လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းကပြောပါတယ်။

play

 

အကယ်ဒမီနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်ညှိနှိုင်းကြဦးမယ်ဆိုရင် ၂၀၁၇ ခုနှစ်အကယ်ဒမီကို လာမယ့် မတ်လအတွင်း ပေးနိုင်ဖွယ်မရှိဘူးလို့ ဦးဇင်ဝိုင်းကပြောပါတယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ်အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲကိုတော့ ယခင်စည်းမျဉ်းစည်းကမ်း အတိုင်း ပဲ ပေးသွားမယ်လို့သိရပါတယ်။

photo: ဦးဇင်ဝိုင်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD