AD
AD
AD

ဒါရိုက်တာသားညီကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ရုပ်ရှင်ရုံတွေနဲ့ ရိုက်ခဲ့ပြီးသားရုပ်ရှင်ဇာတ်ကားအရေအတွက် မမျှမတဖြစ်ပေါ်နေမှုတွေအပေါ် သူ့ရင်ထဲက ခံစားချက်တွေကို Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော်တို့ ပက်ပက်စက်စက်ညှို့ဆိုရင်လည်း ရတဲ့ရုံနဲ့ပဲတင်မယ်ကွာ ဆိုပြီးတော့ တင်လိုက်တယ်။ ဒါပေမယ့် အားပေးကြတဲ့အတွက်လည်း ကျွန်တော်တို့မျှော်လင့်ထားတာထက်ပိုပြီးတော့ ဖြစ်လာခဲ့တယ်။ အမှန်တကယ်တော့ ဇာတ်ကားတစ်ကားကိုတင်တယ်ဆိုတာ အနုပညာအရ ရော၊ ငွေကြေးအရရော၊ အကျိုးအမြတ်ရှိရင်တော့ အကောင်းဆုံးပဲ ပရိုဂျူဆာတွေဘက်က တင်ရတဲ့ရုံ နည်းသွားတာနဲ့အမျှ သူတို့ရတဲ့ အကျိုး အမြတ်က အရမ်းနည်းသွားတယ်လေ၊ ကျွန်တော်ကတော့ မျှမျှတတလေး ဖြစ်စေချင်တယ်'' လို့ သားညီက ပြောပါတယ်။

play

 

ရိုက်ထားတဲ့ရုပ်ရှင်ဇာတ်ကားတွေကများပြီး ရုံအရေအတွက် နည်းနေတာကြောင့် အနုပညာဖန်တီးမှုက ခေတ်နောက်ကျသွားရင် မကောင်းဘူး ဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' ကျွန်တော်တို့ကတော့ ကိုယ်ဖန်တီးထားတဲ့အနုပညာတစ်ခုကို ရုံပေါ်ကိုအမြန်ဆုံးရောက်ချင်တာပဲလေ။ အနုပညာဆိုတာ ပုတ်သိုးသွားတာ မဟုတ်ဘူးဆိုပေမယ့် ခေတ်နောက်ကျသွားရင်မကောင်းတဲ့ဟာမျိုးလေးတွေရှိတဲ့အတွက် မျှမျှတတလေးတွေ ဖြစ်စေချင်တယ်။ အခုက ကျွန်တော် တို့က ရိုက်တဲ့ဇာတ်ကားတွေအရမ်းများပြီးတော့ ရုံအရေအတွက်က အရမ်းနည်းနေတော့ အဲ့ဒါတွေအတွက် တစ်ခုခုလေး စိစစ် လိုက်ရင်တော့ ကောင်းမယ်ထင်တယ်'' လို့ သူကဆိုပါတယ်။

play

 

ဒါရိုက်တာသားညီကတော့ ခလုတ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့ရှိတယ်လို့သိရပါတယ်။ လက်ရှိမှာလည်း မီရုပ်ရှင်ဇာတ်ကားကြီး ထဲမှာ လူဆိုးဓားမြရွှေဓားမြှောင် ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo: သားညီဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD