AD
AD
AD

ဆိုင်းကြိုက်တဲ့မောင်ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာကိုပေါက်ကိုယ်တိုင် တတိယမြောက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား ဖြစ်ပေမယ့် ပရိသတ်အရှေ့ကို ပထမဆုံးအကြိမ်ရောက်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် အမှတ်တရစကားတွေကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဒီဇာတ်ကားကတော့ ကျွန်တော်ရုပ်ရှင်ရိုက်တဲ့ထဲမှာ တတိယမြောက်ဇာတ်ကားပါ။ ဒါပေမယ့် ပရိသတ်အရှေ့ကို ရုပ်ရှင်အနေနဲ့ ပထမဆုံး ချပြခွင့်ရတဲ့ ဇာတ်ကားပေါ့။ ကျွန်တော်က ဇာတ်ကားရိုက်ရင် အတိတ်နိမိတ်ရှိတဲ့ဟာလေးတွေ ပေးတတ်တော့ ဒီဇာတ်ကားလေးကို အောင်ပါစေဆိုပြီးတော့ ရိုက်ခဲ့တာ ဇာတ်ကိုကားဆက်ပြီးသွားတဲ့အချိန်မှာ ပရိုဂျုဆာတွေနဲ့တိုင်ပင်ကြပြီး သူတို့က ခေတ်နဲ့စနစ်နဲ့အရမှာ ပရိသတ်တွေက နည်းနည်းဆူမယ့်အရာမျိုးကိုကြိုက်တယ် ဆိုပြီးတော့ တိုင်ပင်ကြရင်း ဆိုင်းကြိုက်တဲ့မောင် သီချင်းကိုဝယ်ပြီး သားစိုးနဲ့ ညှိကြရင်း ပရိုဂျူဆာကိုလည်းပြောတော့ သီချင်းနဲ့ဇာတ်နဲ့က လိုက်သွားတဲ့အတွက် ဒီနာမည်လေးကို ရွေးဖြစ်သွားတာပါ'' လို့ သူကဆိုပါတယ်။

play

 

ဒီရုပ်ရှင်ဇာတ်ကားကိုငွေကုန်ကြေးကျနည်းနည်းနဲ့ရိုက်ခဲ့ရတာကြောင့် ရိုးရိုးလေးပဲ ဖန်တီးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

'' ဒီဇာတ်ကားလေးက တခြားဒါရိုက်တာတွေလို အခွင့်အရေးတွေ အများကြီးရခဲ့တဲ့ဇာတ်ကားမဟုတ်ဘူး။ ဒီဇာတ်ကားကို ငွေကုန်ကြေးကျ နည်းနည်းနဲ့ရိုက်ခဲ့ရတဲ့ဇာတ်ကားပါ။ သူများတွေလို ၁၀၀၀ ကျော်၊ ၁၅၀၀ သိန်း ၂၀၀၀ တွေနဲ့ရိုက်ရတဲ့ ဇာတ်ကားလည်းမဟုတ်ပါဘူး ဒီလိုမျိုး အခြေအနေမျိုးမှာ ကျွန်တော်ဘယ်အလုပ်ကိုပဲလုပ်လုပ် အကောင်းဆုံးလုပ်တဲ့အတွက် ကိုယ့်နာမည်လည်း မထိခိုက်အောင်၊ ဇာတ်ကား ထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ Image လည်းမကျအောင် ဒီဇာတ်ကားလေးကို ရိုးရိုးလေးပဲ ဖန်တီးဖြစ်တာပါ'' လို့ ကိုပေါက်က ပြောပါတယ်။

play

 

ဆိုင်းကြိုက်တဲ့မောင် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာကိုပေါက် ရိုက်ကူးတဲ့ ဟာသဇာတ်မြူး ဒရာမာရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ခန့်စည်သူ၊ မြင့်မြတ်၊ သက်မွန်မြင့်၊ ကျော်ကျော်၊ ဝေလျှံ နဲ့ စိုးနန္ဒာကျော်တို့ က အဓိကပါဝင်သရုပ်ဆောင်ထားကြတယ်လို့သိရပါတယ်။

photo: Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD